လွှတ်တော်တွင်းဆွေးနွေးမှု အကျိုးရှိစေရေး ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ လွှတ်တော်ထဲမှာ ဆွေးနွေးကြတဲ့အခါ ဒီမိုကရေစီ နည်းကျ ဆွေးနွေးမှုတွေနဲ့ လူထုအတွက် အကျိုးဖြစ်မယ့် အဆိုတွေကို ထောက်ခံဆွေးနွေးကြဖို့၊ လူထုအတွက် အကျိုးမရှိတဲ့ ဆွေးနွေးချက်တွေကို ကန့်ကွက်ကြဖို့ ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်းလိုက်ပါတယ်။

2012.10.17
၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် ဝင်ရောက် ဆွေးနွေးနေစဉ်။
AFP

မနက်ဖြန် ကျင်းပမယ့် ပဉ္စမအကြိမ် လွှတ်တော် အစည်းအဝေး တက်ရောက်ဖို့ နေပြည်တော်ကို ရောက်နေတဲ့ NLD လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို တိုက်တွန်း ပြောကြားခဲ့တာလို့ လွှတ်တော်အမတ်တစ်ဦး ဖြစ်တဲ့ ဦးအုန်းကြိုင်က အာအက်ဖ်အေကို ပြောပါတယ်။

လက်ရှိ အစိုးရရဲ့ အုပ်ချုပ်ပုံ စနစ်ကို ဒီမိုကရေစီ နည်းလမ်း ကျ မကျ၊ ပွင့်လင်းမြင်သာမှု ရှိမရှိ ဆိုတာနဲ့ တိုင်းတာဖို့ လိုအပ်ကြောင်း၊ ကိစ္စအားလုံးကို ပွင့်လင်းမြင်သာမှု ရှိအောင် ပြည်သူလူထုကို အသိပေးရမှာ ဖြစ်ကြောင်း၊ ဒါကြောင့် အစိုးရရဲ့ ဆောင်ရွက်ချက်တွေမှာ ရှေ့နောက် မညီတာတွေ တွေ့ရင် လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ပြည်သူ့အကျိုး အတွက်၊ နိုင်ငံ့အကျိုးအတွက် ဆွေးနွေး ပြောဆိုသင့်တာတွေကို ခိုင်ခိုင်မာမာ ရပ်တည်ပြီး ရှင်းလင်း ပြောဆိုဖို့ လိုအပ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။