၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ နွေဦးနှလုံးသား ပန်းချီပြပွဲက ရရှိခဲ့တဲ့ ရန်ပုံငွေတွေကို ထိန်လင်းကုသိုလ် ဖြစ်ဆေးခန်းကို လှူဒါန်းခဲ့ပြီး ထိန်လင်းအခမဲ့ ကွန်ပြူတာ သင်တန်း အတွက် ကွန်ပြူတာ (၁၀) လုံးကိုလည်း လှူဒါန်းခဲ့ပါတယ်။
ဒီကနေ့ လှူဒါန်းခဲ့တဲ့ အလှူပစ္စည်းတွေကို ကျောင်းသား ကျောင်းသူတွေ ထိရောက်စွာ အသုံးပြုနိုင်အောင် မိဘတွေက တွန်းအားပေးကြဖို့ကို ကိုမင်းကိုနိုင်က သူ့ရဲ့ မွေးနေ့ အမှတ်တရ စကားပြောရာမှာ ထည့်သွင်း ပြောကြားလိုက်ပါတယ်။
ဒီကနေ့ ထိန်လင်းကုသိုလ်ဖြစ် ဆေးခန်းဖွင့်ပွဲနဲ့ ကိုမင်းကိုနိုင်ရဲ့ မွေးနေ့ပွဲ အခမ်းအနားမှာ ကိုမင်းကိုနိုင်က ဒေသခံတွေနဲ့ အဓိက တွေ့ဆုံခဲ့ပါတယ်။ ဒီပွဲကို နာမည်ကျော် အနုပညာရှင် ပြေတီဦး အပါအဝင် နာမည်ကြီး အနုပညာရှင်တွေလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ကိုမင်းကိုနိုင်ကို အာအက်ဖ်အေ ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။
0:00 / 0:00