သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2025-01-29
မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်မှာဖြစ်တာကြောင့် စစ်ဆင်ရေးကာလအတွင်း အခက်အခဲမကြုံရအောင် ရိက္ခာနဲ့ ဆေးဝါးတွေ ကြိုတင်ပြင်ဆင်ထားဖို့ ထုတ်ပြန်ထားတာပါ။
2025-01-29
စစ်ကောင်စီက စစ်မှုထမ်းဖို့ အင်အားသုံးဖမ်းဆီးနေတာတွေကို ဒေသခံတွေသတိထားကြဖို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
2025-01-29
မြန်မာပြည်အတွက် ထောက်ပံ့ကူညီမှုတွေဟာ အမေရိကန်ရဲ့ လုပ်သင့်လုပ်ထိုက်တဲ့ ဦးစားပေးကိစ္စဖြစ်ကြောင်း ဆက်သွယ်ပြောကြားသွားမယ်လို့ ဝန်ကြီးဒေါ်ဇင်မာအောင် ကပြောပါတယ်။
2025-01-29
ပြီးခဲ့တဲ့နှစ်က လူဦးရေ ၁၃.၃ သန်း ရှိခဲ့ရာကနေ ၂၀၂၅ ခုနှစ်မှာ လူဦးရေ ၁၅ သန်း အစာငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်ရဖွယ်ရှိတယ်လို့ WFP က ခန့်မှန်းထားတာပါ။
2025-01-29
အမေရိကန်ပြည်ထောင်စုက နိုင်ငံတကာကိုပေးနေတဲ့ အကူအညီတွေဟာ အမေရိကန်ပြည်သူတွေအတွက် အကျိုးရှိ၊ မရှိ ပြန်သုံးသပ်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ရက်ပေါင်း ကိုးဆယ် ဆိုင်းငံ့ဖို့ သမ္မတ ထရမ့် အစိုးရသစ်က အမိန့်ပေးလိုက်ပါတယ်။
2025-01-29
တောင်သာမြို့နယ်မှာ စစ်ကောင်စီတပ်က စက်တပ်လေထီး အသုံးပြုတိုက်ခိုက်မှုကြောင့် အရပ်သား ငါးဦးသေဆုံးခဲ့ပါတယ်။
2025-01-29
AA နဲ့ ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ကို ကာကွယ်ဖို့ ပုသိမ်နဲ့ သာပေါင်းမြို့နယ်က ရွာတချို့မှာ စစ်ကောင်စီတပ်က အခိုင်အမာ ခံစစ်ပြင်ထားပါတယ်။
2025-01-29
စစ်အာဏာသိမ်းပြီးချိန်ကစလို့ စင်ကာပူ Interra Resources ကုမ္ပဏီဟာ စစ်ကောင်စီကို ရေနံ ကန် ဒေါ်လာ သန်း ၁၅၀ ဖိုး ထောက်ပံ့ပြီး အရပ်သားတွေပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေတာကို အားဖြည့်ပေးနေတယ်လို့ JFM က ကြေညာချက် ထုတ်ပြန်ပါတယ်။
2025-01-29
မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်နဲ့ မြဝတီမြို့အနီး အင်ကြင်းမြိုင် (KK Park) က နိုင်ငံခြားသားတွေကို ထိုင်းအာဏာပိုင်တွေထံ လွှဲပြောင်းပေးမယ်လို့ BGF ပြောခွင့်ရသူ ဗိုလ်မှူး နိုင်မောင်ဇော်က ပြောပါတယ်။
2025-01-29
ဒုစရိုက်မှုတွေကို ရဲစခန်းတွေမှာ အမှုဖွင့်တိုင်တန်းတာတွေ ရှိပေမဲ့လည်း ရဲတပ်ဖွဲ့က ဖမ်းဆီးတာ အရေးယူနိုင်တာ မရှိတဲ့အတွက် ကာယကံရှင်အများစုကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ဖြေရှင်းနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2025-01-29
မင်းကွန်းဒေသ မြသိန်းတန်စေတီတော်အနီးမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတာကြောင့် ဒေသခံငါးထောင်ခန့် ထွက်ပြေးနေရပါတယ်။
2025-01-29
တရုတ်အစိုးရဟာ စစ်ခေါင်းဆောင်ကို ကူညီထောက်ခံနေတဲ့အပေါ် ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြလှုပ်ရှားမှုကို ဇန်နဝါရီ ၂၉ ရက် ဒီနေ့ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။
2025-01-29
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်မှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၂၁ ဦးဟာ ဇန်နဝါရီ ၂၉ ဒီနေ့မနက် တစ်နာရီအချိန်မှာ ဖမ်းဆီးခံလိုက်ရပါတယ်။
2025-01-29
လေကြောင်းအန္တရာယ်ကာကွယ်ဖို့ စတားလင့် အင်တာနက်နဲ့ CDMA ဖုန်းလိုင်းတွေကို ယာယီပိတ်မှာ ဖြစ်တယ်လို့ ကျောက်မဲမြို့ TNLA အုပ်ချုပ်ရေးဌာနကလည်း ဇန်နဝါရီ ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
2025-01-29
ပြည်သူ့စစ်မှုထမ်းအတွက် ဥပဒေပြဋ္ဌာန်းချက်အပေါ် မမှန်မကန်ဆောင်ရွက်တာကို ထိထိရောက်ရောက် အရေးယူမဲ့အပြင် လုပ်ကြံဝါဒဖြန့် ပြောဆိုမှုတွေကိုလည်း ဖော်ထုတ်မယ် ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောပါတယ်။