စစ်ကောင်စီကို ရေနံပေးပို့တဲ့ စင်ကာပူကုမ္ပဏီကို JFM ဖော်ထုတ်

RFA Burmese
2025.01.29
စစ်ကောင်စီကို ရေနံပေးပို့တဲ့ စင်ကာပူကုမ္ပဏီကို JFM ဖော်ထုတ် မကွေးမြို့အနီးတွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က ပြုလုပ်သည့် ကြည်းတပ်၊ လေတပ် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုအတွင်း ဂျက်တိုက်လေယာဉ်နှစ်စင်းက ဒုံးကျည်များ ပစ်ခတ်စဉ်။
AFP

စစ်အာဏာသိမ်းပြီးချိန်ကစလို့ စင်ကာပူ Interra Resources ကုမ္ပဏီဟာ စစ်ကောင်စီကို ရေနံ အမေရိကန် ဒေါ်လာ သန်း ၁၅၀ ဖိုး ထောက်ပံ့ပြီး အရပ်သားတွေပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေတာကို အားဖြည့်ပေးနေတယ်လို့ မြန်မာစစ်တပ်နဲ့ စီးပွားရေးလုပ်ကိုင်နေသူတွေကို ဖော်ထုတ်နေတဲ့ JFM- Justice for Myanmar က ဇန်နဝါရီ ၂၉ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

Interra Resources ဟာ တရုတ်နိုင်ငံက လက်နက်အများဆုံး ထုတ်လုပ်တဲ့ နိုရင်ကို ကုမ္ပဏီခွဲတစ်ခုလည်း ဖြစ်ပါတယ်။ မြန်မာ့ကုန်းတွင်းရေနံလုပ်ငန်းတွေကနေ ရေနံထုတ်လုပ်နေတဲ့ ကုမ္ပဏီအနည်းငယ်ထဲက တစ်ခုအဖြစ် အစုရှယ်ယာ ခြောက်ဆယ် ရာခိုင်နှုန်း ပိုင်ဆိုင်တယ်လို့ ပြောပါတယ်။

သူနဲ့ ဖက်စပ်လုပ်ကိုင်တဲ့ Goldpetrol Joint Operating ကုမ္ပဏီက စစ်ကောင်စီကို ရေနံစည် ၂ ဒသမ ၃ သန်းပေးပို့တယ်လို့ ပြောပါတယ်။

Goldpetrol ဟာ ချောက်နဲ့ ရေနံချောင်းမှာ ရေနံတူးဖော်ပြီး မန်းသံပုရာကန်မှာချက်တဲ့ ရေနံနဲ့ စစ်ကောင်စီအတွက် ဒီဇယ်နဲ့ လောင်စာဆီပံ့ပိုးပေးတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။