သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-01-07
၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် "သစ္စာပြတင်း အနုပညာပြပွဲ ၂ဝ၁၄" လို့ အမည်ပေးထားတဲ့ ပြပွဲတစ်ခုကို တောင်ကြီးမြို့မှာ ဇန်နဝါရီလ ၄ ရက်ကနေ ၆ ရက်နေ့အထိ သုံးရက်ကြာ ပြသခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်မျိုးထွန်းက တင်ပြထားပါတယ်။
2014-01-07
အမေရိကန်နိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖယ်ဒရယ်ရေးရာကိစ္စရပ်တွေ လေ့လာဖို့ အလည်အပတ် လာရောက်ခဲ့တဲ့ NLD ဥပဒေရေးရာကော်မတီအဖွဲ့ဝင် ရှေ့နေဦးကိုနီဟာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဝါရှင်တန်ဒီစီမြို့တော်နဲ့ မေရီလန်းပြည်နယ် အနီးတဝိုက်မှာနေထိုင်တဲ့ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ RFA ဝိုင်းတော်သူ မခင်ခင်အိက တင်ပြထားပါတယ်။
2014-01-06
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုသတင်းကြေညာနေတဲ့အချိန်မှာ စစ်ကိုင်းတိုင်း ကလေးမြို့ကနေ ချင်းပြည်နယ် တီးတိန်မြို့ကို ခရီးဆက်နေပြီ ဖြစ်ပါတယ်။ ချင်းပြည်နယ်ခရီးစဉ်နဲ့ ပတ်သက်လို့ NLD ချင်းပြည်နယ် ဥက္ကဌ ဦးဇိုဘွဲကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
2014-01-06
အမေရိကန်အစိုးရက မြန်မာနိုင်ငံရဲ့ ၆၆ နှစ်မြောက်လွတ်လပ်ရေးနေ့ အတွက် ပေးပို့တဲ့သဝဏ်လွှာမှာ နိုင်ငံရဲ့အမည်ကို Burma အစား Myanmar လို့ သုံးနှုန်းလိုက်တာဟာ သံတမန်ယဉ်ကျေးမှုအရ လေးစား သမှုပြုတဲ့အနေနဲ့ သုံးစွဲခဲ့ခြင်းမျှဖြစ်ပြီး မိမိတို့ အစိုးရရဲ့မူဝါဒ တစုံတရာပြောင်းလဲသွားတဲ့ အဓိပ္ပါယ် မဟုတ်ပါဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌါနက မနေ့က ပြောကြားလိုက် ပါတယ်။
2014-01-06
မြန်မာနိုင်ငံက ပြည်တွင်းစစ်နဲ့ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ တိုင်းရင်းသားဒေသတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်အစိုးရကနေ လာမယ့် ၅ နှစ်အတွင်း ဂျပန် ယန်း ၁၀ ဘီလီယံ၊ အမေရိကန် ဒေါ်လာ သန်း ၁၀၀ အကူညီပေး သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ Mr Mikio Numata က ပြောပါတယ်။
2014-01-06
၂၀၁၅ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီအဖွဲ့တွေက ပြင်ဆင်နေကြတဲ့အချိန်မှာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ပါတီထူထောင်မှာလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာနေပါတယ်။
2014-01-06
ရခိုင်ပြည်နယ်မှာ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေ အကူအညီပေးနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ "နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF" ကို ဒေသခံရခိုင်တိုင်းရင်းသားတွေက အကူအညီပေးနေရာမှာ ဘက်လိုက်မှုတွေ ရှိတယ်ဆိုပြီး ဆန္ဒပြတာတွေရှိခဲ့ပါတယ်။ MSF က သူတို့ရဲ့လုပ်ငန်းတွေအပေါ် ဒေသခံတွေက နားလည်မှုလွဲနေတာသာဖြစ်ကြောင်း အာအက်ဖ်အေကို ပြောပါတယ်။
2014-01-06
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP က ၂၀၁၅ ရွေးကောက်ပွဲမှာ ပါတီအမည်မပြောင်းဘဲ ရွေးကောက်ပွဲ ဝင်ရောက်မယ်လို့ မနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
2014-01-06
တက္ကသိုလ်ဆရာ၊ ဆရာမများအသင်း နဲ့ ကျောင်းသားသမဂ္ဂတွေက ကန့်ကွက်ထားတဲ့ "တက္ကသိုလ်များ ဗဟိုကောင်စီ ဖွဲ့စည်းရေး" ကို "အဆင့်မြင့်ပညာ ပေါင်းစပ် ညှိနှိုင်းရေးကောင်စီ" အဖြစ် ပြောင်းလဲဖွဲ့စည်းဖို့ ပညာရေး ဝန်ကြီးဌာနက ဒီနေ့ သဘောတူလိုက်တယ်လို့ သိရပါတယ်။
2014-01-06
လာမယ့် မတ်လအတွင်း တစ်နိုင်ငံလုံး သန်းခါင်စာရင်း ကောက်ခံတဲ့အခါ ချင်းတိုင်းရင်းသားတွေထဲက ကူကီး တိုင်းရင်းသားကို လူမျိုးစုတစ်စုအဖြစ် သီးခြားကောက် ခံပေးဖို့အတွက် ဒီနေ့ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောကြားလိုက်ပါတယ်။
2014-01-06
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ခမောင်းတောကျေးရွာအုပ်စု ရဲရိုးပြင်ကျေးရွာမှာ တပ်မတော်(ရေ)က သိမ်းဆည်းထားတဲ့ လယ်ယာမြေဧကပေါင်း ၅၀ ကျော် ကို ပြန်ပေးဖို့ တောင်သူတွေ စုပေါင်းလက်မှတ်ရေးထိုးပြီး ဒီကနေ့ရက်စွဲနဲ့ စာရေးသားပေးပို့လိုက်ပါတယ်။
2014-01-06
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့တွေမှာ ကျင်းပမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လူထု ဆန္ဒကောက်ခံပွဲတွေမှာ ဟောပြောဖို့ ဒီနေ့ညနေ ၃ နာရီလောက်က စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ကို ရောက်ရှိခဲ့ပါတယ်။
2014-01-05
မြန်မာနိုင်ငံ ဂီတလောကမှာ ထင်ရှားတဲ့ မဇ္ဈိမလှိုင်းတေးဂီတအဖွဲ့ရဲ့ ဂီတမှူုး အကယ်ဒမီ ဇော်မျိုးထွဋ် အသက်(၅၄) နှစ် ဟာ ဇန်နဝါရီလ ၅ ရက် မနေ့ ည(၉) နာရီခန့်က ရန်ကုန်မြို့ မှာ ရုတ်တရက် ကွယ်လွန်သွားခဲ့ပါတယ်။
2014-01-05
အာဆီယံ ဥက္ကဌ တာဝန်ရယူထား ပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ တစ်နှစ်တာအတွင်း ကျင်းပမယ့် အစည်းအဝေးတွေ အတွက် ဘက်စုံပြင်ဆင်မှုတွေ ဆောင်ရွက်နေပြီလို့ သိရပါတယ်။
2014-01-05
ဒီမိုကရေစီစံနှုန်းတွေနဲ့ မကိုက်ညီတဲ့ တည်ဆဲဥပဒေတွေကို ဖျက်သိမ်းပေးဖို့ ရှမ်းပြည်နယ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက တောင်ကြီးမြို့ အဝေရာ ကုန်းသာယာ အားကစားကွင်းမှာ ဒီကနေ့ မီးပုံးပျံအလုံး ၂၅၀ ကျော် လွှတ်တင်ပြီး တောင်းဆိုလိုက်ကြပါတယ်။