သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-03-03
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်းနားမှာ ARSA အကြမ်းဖက်အဖွဲ့တွေ ရှိနေတဲ့အတွက် မြန်မာဘက်က လုံခြုံရေးကို တိုးမြှင့်ချထားဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးမြင့်သူ ကပြောပါတယ်။
2018-03-03
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က ဦးဆောင်ကျင်းပမယ့် ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မရသေးခင် အကြိုဆွေးနွေးပွဲတွေ ကျင်းပခွင့်ပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း ကို ALP က တောင်းဆိုလိုက်ပါတယ်။
2018-03-03
NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ လက်ထက်မှာ မြေယာ အရေးကိစ္စရပ်တွေကြောင့် တောင်သူတွေ တရားရင်ဆိုင်ရတာတွေဟာ အရင်အစိုးရလက်ထက်မှာထက် ပိုများနေတယ်လို့ မန္တလေးမြို့မှာ မတ်လ ၂ ရက်နေ့က ပြုလုပ်တဲ့ ၈၇ နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား တက်ရောက်လာသူတွေက ပြောပါတယ်။
2018-03-02
NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံ၊ ရန်ကုန်တိုင်း လူငယ်ညီလာခံ ကိုယ်စားလှယ်တွေ တွေ့ဆုံပွဲ အခမ်းအနားကို ရန်ကုန် ကမာရွတ်မြို့နယ် ယုဒဿန်ခန်းမမှာ မတ်လ ၂ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2018-03-02
သောကြာနေ့တိုင်း RFA မြန်မာပိုင်းကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ် ဖြစ်ပါတယ်။
2018-03-02
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေကနေ ရိုဟင်ဂျာ မွတ်စလင်တွေ ဘေးကင်းကင်းနဲ့ မိမိသဘောဆန္ဒအလျှောက် မြန်မာနိုင်ငံပြန်နိုင်ဖို့ အီးယူ-ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာနဲ့ လုံခြုံရေးရာ မူဝါဒ အကြီးအကဲလည်းဖြစ် ဥရောပကော်မရှင် ဒုတိယဥက္ကဌလည်းဖြစ်တဲ့ Federica Mogherini က အလေးအနက်ထား ထပ်မံပြောကြားလိုက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာချက် မှာ ဖော်ပြပါတယ်။
2018-03-02
မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခြံစည်းရိုးအနီး တိုးချဲ့ချထားတဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ လက်နက် ကြီးတွေကို မြန်မာအစိုးရက ပြန်လည်လျှော့ချ ရုပ်သိမ်းလိုက်ပြီလို့ ဒါကာကလာတဲ့ နောက်ဆုံးရ သတင်းတွေအရ သိရှိရပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံနယ်စပ်အရာရှိတွေ သောကြာနေ့ မနေ့က တွေ့ဆုံဆွေးနွေးပြီးနောက် မြန်မာဘက်က အခုလို ရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။
2018-03-02
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တောင်ပိုင်း အင်းဒင်ကျေးရွာအနီးမှာ တခြားနယ်တွေကနေ လာရောက်အခြေချတဲ့ ရခိုင်တိုင်းရင်းသားတွေအတွက် ရွာတခုဆောက်ပေးဖို့ ပြည်နယ်အစိုးရ က ပြင်ဆင်နေပါတယ်။
2018-03-02
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အဖွဲ့ဝင်အဖြစ် ဝင်လာသူတွေထဲမှာ တချို့က သတင်းရောင်းစားဖို့ ဝင်ရောက်လာတဲ့သူတွေရှိသလို အခွင့်အရေးကို မျှော်ကိုးပြီး ဝင်လာသူတွေလည်းရှိနေကြောင်း အဲဒီလို လူတန်းစား နှစ်မျိုးအမြဲရှိနေကြောင်း ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဥက္ကဋ္ဌ ဦးမြင့်ဌေးက ပါတီဝင်တွေကို ပြောပါတယ်။
2018-03-02
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်သူတွေ ကို ထောက်ပံ့ကူညီပေးခဲ့တဲ့ ရှိုင်းဆောက်လုပ်ရေးကုမ္ပဏီဥက္ကဌ ဦးအောင်ဇော်ဝင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
2018-03-02
ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်တဲ့ စစ်ဏာရှင်အစိုးရက အာဏာသိမ်းခဲ့တဲ့ မတ်လ ၂ရက်နေ့ ကို တောင်သူလယ်သမားနေ့အဖြစ် မသတ်မှတ်ဘဲ အင်္ဂလိပ်ကိုတော်လှန်ခဲ့တဲ့ တောင်သူလယ် သမားခေါင်းဆောင် ဆရာစံသူပုန်စတင်ခဲ့တဲ့ ဒီဇင်ဘာလ ၂၂ရက်နေ့ကို တောင်သူလယ်သမားနေ့ အဖြစ် သတ်မှတ်ပေးဖို့ တောင်သူတွေက တောင်းဆိုပါတယ်။
2018-03-02
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်ခြံစည်းရိုးတလျှောက်မှာ ARSA အကြမ်းဖက်အဖွဲ့တွေ ရှိနေတဲ့ အတွက် မြန်မာဘက်က လုံခြုံရေးတိုးမြှင့် ချထားတာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရ်ှ မြန်မာနယ်စပ်အနီး တပ်ကအင်အားတိုးမြှင့်ချထားတာနဲ့ ပတ်သက်ပြီး ပြောပါတယ်။
2018-03-02
ဒီဘဏ္ဍာနှစ်အတွင်း ပြည်ပကို ဆန်တန်ချိန် သုံးသန်းအထိ တင်ပို့ရောင်းချနိုင်ခဲ့တာဟာ နှစ်ပေါင်း ၇၀ အတွင်း စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်တဲ့အတွက် တောင်သူလယ်သမား အားလုံးကို ဂုဏ်ပြု မှတ်တမ်းတင်ကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဂုဏ်ပြုပြောကြားလိုက်ပါတယ်။
2018-03-02
ရခိုင်ပြည်နယ်အရေး နိုင်ငံတကာဖိအားအပါအဝင် ပြဿနာများစွာ ရှိနေသေးတဲ့အတွက် အမျိုးသားအဆင့် နိုင် ငံရေးဆွေးနွေးပွဲကို ရခိုင်ပြည်နယ်မှာ ကျင်းပနိုင်ရေးအတွက် အချိန်စောင့်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က JICM အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
2018-03-01
ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက အစိုးရတပ်မတော်နဲ့ KIA အဖွဲ့တွေရဲ့ စစ်ပွဲတွေဖြစ်နေတာကြောင့် မြစ်ကြီးနား-ပူတာအို ဆွမ်ပရာဘွမ် ကားလမ်းပိတ် သွားခဲ့ပြီး ကုန်ဈေးနှုန်းတွေ တက်နေပါတယ်။ ဓါတ်ဆီဈေးဟာ အရင်ကထက် ၇ ဆလောက်အထိ တက်နေတယ်လို့ ဆိုပါတယ်။