NLD လူငယ်ညီလာခံ ကျင်းပဖို့ ဆွေးနွေး
2018.03.02

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အဖွဲ့ဝင်အဖြစ် ဝင်လာသူတွေထဲမှာ တချို့က သတင်းရောင်းစားဖို့ ဝင်ရောက်လာ တဲ့သူတွေရှိသလို အခွင့်အရေးကို မျှော်ကိုးပြီး ဝင်လာသူတွေလည်းရှိနေကြောင်း အဲဒီလို လူတန်းစား နှစ်မျိုးအမြဲ ရှိနေကြောင်း ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဥက္ကဋ္ဌ ဦးမြင့်ဌေးက ပါတီဝင်တွေကို ပြောပါတယ်။
ဒီနေ့ကျင်းပတဲ့ ရန်ကုန်တိုင်း NLD လူငယ်ညီလာခံကျင်းပဖို့အတွက် တွေ့ဆုံပွဲ အခမ်းအနားမှာ ဦးမြင့်ဌေး က ပြောတာ ဖြစ်ပါတယ်။
"အခွင့်အရေးရမလားဆိုပြီးတော့ ဝင်လာတဲ့ လူတန်းစား နိုင်ငံရေးအရ အခွင့်အရေးသာမယ် ဆိုရင် ပေါ်လာတယ် နိုင်ငံရေးအရ အကြပ်အတည်းဖြစ်မယ် တဘက်အဖွဲ့အစည်းတွေက ထိန်း သိမ်းတော့မယ်ဆိုရင် အဲလူတန်းစားက ပျောက်သွားတယ်၊ အဖွဲ့ချုပ်ထဲမှာ လူတန်းစား ၃ မျိုးရှိတယ် ဘယ်လိုအနေအထား မျိုးနဲ့ပဲ ဝင်လာဝင်လာ နှစ်မျိုးကအမြဲရှိတယ်၊ ရည်ရွယ်ချက်တွေ ကြိုက်လို့ ဝင်လာတဲ့သူ လည်းရှိတယ်၊ အဖွဲ့ချုပ်ရဲ့ သတင်းအချက်အလက် တခြားအဖွဲ့အစည်းကိုပေးဖို့ ရောင်း စားဖို့ ငွေနဲ့လဲယူမယ့် လူတန်းစားအဖွဲ့ချုပ်မှာ အမြဲရှိတယ်"
ရန်ကုန်တိုင်း လူငယ်ညီလာခံတွေ့ဆုံပွဲကို ဒီနေ့နဲ့ မနက်ဖြန် နှစ်ရက်ကြာ ကျင်းပမှာ ဖြစ်ပါတယ်။
ဒီနေ့ ပထမနေ့မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ၊ တိုင်းလွှတ်တော် ဥက္ကဋ္ဌနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့ပြီး မြို့နယ်အသီးသီးက NLD ပါတီဝင်လူငယ်တွေ တက်ရောက်ကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံကို လာမယ့် သြင်္ကန်မတိုင်ခင် ကျင်းပသွားမှာ ဖြစ်ပါတယ်။