သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-02-01
အစိုးရတပ်မတော်ရဲ့ စစ်ဆင်ရေးတွေကို ဟန့်တားဖို့ဆိုပြီး မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းပေါ်က တံတားတချို့ကို ကေအိုင်အေက ဇန်နဝါရီ ၂၈ မှာ ဖျက်ဆီးခဲ့ပြီးနောက်ပိုင်း သွားလာရေးခက်ခဲလာတာကြောင့် ပူတာအိုမြို့မှာ အခုရက်ပိုင်းမှာ ကုန်ဈေးနှုန်းတွေ စတက်လာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
2018-02-01
ကချင်ပြည်နယ် တနိုင်းဒေသမှာ အစိုးရတပ်မတော်နဲ့ ကေအိုင်အေတို့ရဲ့ တိုက်ပွဲတွေကြောင့် ပိတ်မိနေသူတွေကို ကယ်ထုတ်နိုင်ရေးအတွက် အကူအညီပေးဖို့ စစ်ဘေးသင့်ပြည်သူများအား အရေးပေါ်ကယ်ဆယ်ကူညီရေး ကော်မတီ (ကချင် ပြည်နယ်) က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဆီကို အကူအညီတောင်းခံစာ ဒီကနေ့ ပေးပို့လိုက်ပါတယ်။
2018-02-01
အတိုက်အခံတွေကို ရန်သူလို သဘောထားတာဟာ ဒီမိုကရေစီစိတ်ဓာတ် မဟုတ်ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
2018-02-01
လုပ်သက် နှစ်တိုးကြေးနဲ့ လုပ်သက်ခွင့်ရရှိရေး အပါအဝင် အချက် ၁၅ ချက်ကို ဆန္ဒပြတောင်း ဆိုနေတဲ့ မန္တလေး Ve Ve အချိုရည်စက်ရုံ အလုပ်သမားတွေထဲက ဦးဆောင်သူ ၆ ယောက်ကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၄၁ ၊ မတရား တားဆီးကန့်ကွက်မှုနဲ့ စက်ရုံစီမံမန်နေဂျာက ပြည်ကြီးတံခွန်ရဲစခန်းမှာ မနေ့က အမှုဖွင့်လိုက်ပါတယ်။
2018-02-01
နိုင်ငံတော် အကြည်ညို ပျက်စေမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို ရုံးထုတ်စစ်ဆေးချိန်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပေးဖို့ ဆန္ဒပြခဲ့ကြတဲ့အတွက် ဖမ်းဆီးခံထားရသူ ၂ ဦးကို ဒီနေ့ ဒဂုံဆိပ်ကမ်းမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။
2018-02-01
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ ပန်းလှိုင်မြစ် ကမ်းနဘေးမှာ ဝါးနဲ့ဆောက်ထားတဲ့ စာသင်ကျောင်း နဲ့ ဘုန်းတော်ကြီးကျောင်းဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ရေနစ်မြုပ်ခဲ့ပြီး Facebook လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ လူသိများခဲ့ပါတယ်။
2018-02-01
ရခိုင်ပြည်နယ်က ထွက်ပြေးသွားခဲ့တဲ့ ရိုဟင်ဂျာတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာက လူသားချင်းစာနာမှုအရ ဝင်ရောက်အကာကွယ်ပေးဖို့ တာဝန်ရှိမှု Responsibility to Protect (R2P) ဆိုင်ရာ ဆွေးနွေးပွဲတခုကို မနေ့ညနေက ဝါရှင်တန်ဒီစီ ရှိ ဂျော့ဝါရှင်တန်တက္ကသိုလ်မှာ ကျင်းပခဲ့ပါတယ်။
2018-02-01
ဘဏ်ချေးငွေ အတိုးနှုန်း ၁၃ ရာခိုင်နှုန်းကို ၁၁ ရာခိုင်နှုန်းအထိလျှော့ချဖို့နဲ့ ဘဏ်အပ်ငွေ အတိုးနှုန်း ၈ ရာခိုင်နှုန်းကို ၇ ရာခိုင်နှုန်းအထိ လျှော့ချဖို့ အစီအစဉ်မရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်း က ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ ပြောကြားခဲ့ပါတယ်။
2018-02-01
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက ရေးဆွဲထားတဲ့ တရားစီရင်ရေးမဏ္ဍိုင်ကို ပြုပြင်ပြောင်းလဲဖို့ ငါးနှစ်စီမံကိန်းဖြစ်တဲ့ ၂ဝ၁၈- ၂ဝ၂၂ တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း မိတ်ဆက်အခမ်းအနားကို နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ-၂ မှာ ဇန်နဝါရီလ ၃ဝ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2018-02-01
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်ကို ဒီနေ့မနက်မှာ ဓာတ်ဆီပုလင်းကိုမီးရှို့ပြီး ပစ်ပေါက်မှု ဖြစ်ခဲ့ပါတယ်။