အခြေခံဥပဒေ ဖျက်သိမ်းပေးဖို့ ဆန္ဒပြသူတွေကို ရုံးထုတ်


2018.02.01
2008-constitution-protest-622 ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းပေးဖို့ ဆန္ဒပြသူတွေကို ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံးမှာ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့က တွေ့ရစဉ်
Photo: Wai Mar Tun/RFA

နိုင်ငံတော် အကြည်ညို ပျက်စေမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး ကို ရုံးထုတ်စစ်ဆေးချိန်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းပေးဖို့ ဆန္ဒပြခဲ့ကြတဲ့အတွက် ဖမ်းဆီးခံထားရသူ ၂ ဦးကို ဒီနေ့ ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

သူတို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ဆူပူအောင်ဖန်တီးစေမှုတွေနဲ့ အမှုဖွင့်ထားတာဖြစ်တယ်လို့ ဖမ်းဆီးခံထားရတဲ့ ဒေါ်လေးလေး က ပြောပါတယ်။

"၁၈ ရက်နေ့က စွဲတယ်၊ ဒဂုံဆိပ်ကမ်းက မြို့နယ်တရားသူကြီးဆီမှာ ရမန် ၁၄ ရက်ယူတယ် ဒီနေ့ ၁ ရက်နေ့မှာ ပထမဆုံးအကြိမ် ရုံးထုတ်ခြင်းပဲ၊ ၅၀၅ (ခ) နဲ့ ၁၅၃ ပဲ၊ ၁၅၃ က ဆူပူမှုကို ဖန်တီးစေတာလား ဘာလားမသိဘူး"

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့က ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး ကို ရုံးထုတ်စစ်ဆေးတဲ့နေ့မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပေးဖို့ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒပြပွဲ ဦးဆောင်သူတွေအဖြစ် ကိုနောင်နောင်နဲ့ ဒေါ်လေးလေး တို့ကို ဇန်နဝါရီ ၁၈ ရက်နေ့မှာ ဖမ်းဆီးလိုက်ပြီး ဒီနေ့မှာ ရုံးထုတ်တာဖြစ်ပါတယ်။

သူတို့နဲ့အတူ ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ ကလေးစစ်သားဟောင် ကိုအောင်ကိုထွေးရဲ့ အစ်မဖြစ်သူ မနေဇာထွန်းနဲ့ ကိုဇော်ကြီး၊ မခင်ချိုနိုင်၊ မသန်းသန်းထွေးတို့ကိုလည်း အမှုတွဲအဖြစ် ဖမ်းဝရမ်းထုတ်ထားတယ်လို့ သိရပါတယ်။

ဒီနေ့ရုံးထုတ်မှာ ရုံးတင်စစ်ဆေးတာမျိုး မရှိဘဲ လာမယ့် ဖေဖော်ဝါရီ ၁၅ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။