သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-05
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ပဋိပက္ခကြောင့် ဒေသခံတောင်သူ ဒေါ်ခင်ဝင်း သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး ရန်ကုန်၊ မန္တလေး မြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြသလို မုံရွာမြို့မှာလည်း ၂ဝဝ၅ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
2015-01-05
အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့အတွက် ရန်ကုန်မြို့မှာ ၂ဝ၁၅ ဇန်နဝါရီလ ၄ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
2015-01-05
၂ဝ၁၅ ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင်က တော်ဝင်နှင်းဆီခန်းမမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ နာယက ဦးတင်ဦးတို့ တက်ရောက် မိန့်ခွန်းပြောခဲ့ပါတယ်။
2015-01-05
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှစ်တစ်ရာပြည့်အကြို လူထုဟောပြောပွဲကို ပဲခူးမြို့က ရွှေမောဓော စေတီအနောက်ဘက်မှာ ၂ဝ၁၅ ဇန်နဝါရီလ ၃ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ဒီပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောခဲ့ပါတယ်။
2015-01-05
ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားတွေအတွက် ဆုတောင်းပွဲတစ်ခုကို သေဆုံးသူတွေရဲ့ မိသားစုဝင်တွေ စုပေါင်းပြီး ၂ဝ၁၅ ဇန်နဝါရီလ ၃ ရက်၊ စနေနေ့က မြစ်ကြီးနား မြို့မှာ ကျင်းပခဲ့ပါတယ်။
2015-01-05
လက်ပံတောင်းတောင်ဒေသမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့က ခြံစည်းရိုးခတ်တဲ့ကိစ္စကြောင့် ပဋိပက္ခတွေပေါ်ပေါက်ခဲ့ပြီးတဲ့နောက် ဒေသ ခံတွေက သပိတ်စခန်းဖွင့်လှစ်ခဲ့ပါတယ်။ ဒေသ ခံတွေက ပြဿနာတွေကို ဖြေရှင်းပေးဖို့ ၅ ရက် အချိန်ပေးတောင်းဆိုထားတာ ခုအချိန်အထိ ဖြေ ရှင်းပေးတာ မရှိသေးဘူးလို့ဆိုပါတယ်။
2015-01-05
မန္တလေးတိုင်း မြင်းခြံခရိုင်မှာ စက်မှုစီမံ ကိန်းအတွက် သိမ်းဆည်းထားတဲ့ လယ်မြေဧက တစ်သောင်းကျော်အတွက် ထိုက်တန်တဲ့ လျော်ကြေးပေးဖို့နဲ့ ဖမ်းဆီးထားတဲ့တောင်သူ ၁ဝ ဦးကို လွတ်ပေးဖို့ ဒေသခံတောင်သူတွေနဲ့ လယ်သမား အရေးကူညီနေသူတွေ တောင်သူ တစ်ထောင်လောက်က ငါန်းဇွန်မြို့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2015-01-05
လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင် စုနေ့မှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးနိုင် ဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေကို ဒီနေ့ တိုက်တွန်း လိုက်ပါတယ်။
2015-01-05
၆၇ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲတော်ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်က မနောကွင်းမှာ ဒီနေ့ စတင်ဖွင့်လှစ်လိုက်ပါတယ်။
2015-01-05
ကချင်ပြည်နယ်က တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့ဝင် ၁၈၀ ကျော်လောက် လိုက်ပါလာတဲ့ ရွှေစင်စြင်္ကာဘတ်စ်ကား ဟာ ဒီနေ့ မနက်က နေပြည်တော်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၃၃ အနီးမှာ လမ်းပြင်နေတဲ့ ကရိန်းနဲ့ တိုက်မိပြီး တိမ်းမှောက်ခဲ့ရာမှာ ယာဉ်မောင်းတစ်ဦးသေ ဆုံးပြီး ယဉ်ကျေးမှုအဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2015-01-05
၆၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ ရိုဟင်ဂျာလူနည်းစု မွတ်စ လင်တွေကို နိုင်ငံသားအဖြစ် သတ်မှတ်ပေး ဖို့၊ တန်းတူအခွင့်အရေးတွေပေးဖို့ မြန်မာအစိုးရကို တိုက် တွန်းတဲ့ ဆုံးဖြတ်ချက်တွေကို ရခိုင်အမျိုးသားပါတီ ANP က ကန့်ကွက်ကြောင်း မနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
2015-01-04
နှစ်ပေါင်း ၅၀ ကျော်အကြာမှာ ပြန်လည်ကျင်းပတဲ့ လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံ အခမ်းအနားကို ဒီနေ့ နေပြည်တော်မှာ ကျင်းပ ခဲ့ပါတယ်။
2015-01-04
၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်း အနားနဲ့ ပတ်သက်ပြီး ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကို ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်း ခဲ့ပါတယ်။
2015-01-04
နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားကို တက်ရောက်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖဲ့ွအစည်း ၁၂ ဖဲ့ွ နဲ့ သမ္မတ ဦးသိန်းစိန်တို့ တနင်္လာနေ့မှာ တွေ့ဆုံမယ်လို့ သိရပါတယ်။
2015-01-04
ရိုမင်ကက်သလစ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကာဒီနယ် ခေါ် ခရစ်ယာန် ဘုန်းတော်ကြီးသစ် ၂ဝ ရဲ့ အမည်စာရင်းကို တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံက ခရစ်ယာန်ဘုန်းတော်ကြီး တစ်ဦး ပထမဆုံးအကြိမ် ပါဝင်ခဲ့ပါတယ်။