ဝမ်ပေါင်ကုမ္ပဏီက စီမံကိန်းမန်နေဂျာ Mr Dong Yunfei နဲ့ မေးမြန်းချက်


2015.01.05

လက်ပံတောင်းတောင်ဒေသမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့က ခြံစည်းရိုးခတ်တဲ့ကိစ္စကြောင့် ပဋိပက္ခတွေပေါ်ပေါက်ခဲ့ပြီးတဲ့နောက် ဒေသခံတွေက သပိတ်စခန်းဖွင့်လှစ်ခဲ့ပါတယ်။ ဒေသခံတွေက ပြဿနာတွေကို ဖြေရှင်းပေးဖို့ ၅ ရက်အချိန်ပေးတောင်းဆိုထားတာ ခုအချိန်အထိ ဖြေရှင်းပေးတာ မရှိသေးဘူးလို့ဆိုပါတယ်။ ဝမ်ပေါင်ကုမ္ပဏီကတော့ သီးနှံလျော်ကြေးပေးဖို့ စာရင်းကောက်နေတယ် လို့ဆိုပါတယ်။ ဝမ်ပေါင်ကုမ္ပဏီက စီမံကိန်းမန်နေဂျာ Mr Dong Yunfei ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။