သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-05-04
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ ကို အာမခံပေးဖို့ အကြံပြု ထားကြောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံး အမြဲအတွင်းဝန် ဒေါ်နုနုယဉ်က ဒီနေ့ အစိုးရ ၁နှစ်ပြည့် သတင်းစာရှင်းလင်းပွဲ မှာ ပြောပါတယ်။
2017-05-04
ရန်ကုန်မြို့ ကမ်းနားလမ်း ညဈေးတန်းမှာ ပုံမှန်ရောင်းချမှုမရှိတဲ့ဆိုင်တွေကို မေလ ၁ဝ ရက်နေ့ နောက်ဆုံးထားပြန်ဖွင့်ဖို့နဲ့ မဖွင့်တဲ့ ဆိုင်တွေကို ပြန်လည်သိမ်းယူသွားမယ်လို့ ထုတ်ပြန်ထား ပါတယ်။
2017-05-04
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့က ဆောင်ရွက်မယ့် Water Taxi ကို မကြာမီစတင်တော့မှာဖြစ်ပါတယ်။
2017-05-04
နိုင်ငံတော်သမ္မတ ဦးထင်ကျော် နှုတ်ထွက် တယ် ဆိုတဲ့သတင်း၊ သူရဦးရွှေမန်းကို သမ္မတအဖြစ်ခန့်ဖို့ ဒေါ်အောင်ဆန်းစု ကြည် နိုင်ငံခြားခရီးစဉ် ပြန် အလာ ကို စောင့်နေတယ်ဆိုတဲ့ သတင်းဖြန့်ချိ သူတွေကို အရေးယူပေးဖို့ ပြည်ထဲရေးဝန်ကြီး ဌာနကို တိုင်ကြားထားတယ်လို့ NLD ပါတီ အတွင်းရေးမှူး ဦးဝင်းထိန်က ပြောပါတယ်။
2017-05-04
ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲ အာဏာပိုင် အဖွဲ့ YRTA ရဲ့ အစီအစဉ်မှာပါတဲ့ ရေလမ်း သွား water taxi အစီအစဉ်ကို မကြာခင်မှာ အကောင်အ ထည်ဖေါ်တော့မှာဖြစ်ပြီး ဒီကိစ္စကို လွှတ်တော်မှာ အစိုးရက ဖြေကြားတာ မရှိဘူးလို့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ က ပြောပါတယ်။
2017-05-04
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆-ဃကြောင့် လွတ်လပ်စွာ သတင်းရေးသားခွင့်ကို ထိခိုက်စေ တယ်လို့ ရန်ကုန်မြို့ ချက်ထရီယမ် ဟိုတယ် မှာ မေလ (၃) ရက်နေ့ ဒီကနေ့ကျင်းပတဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားမှာ သတင်းမီဒီယာအဖွဲ့အစည်းတွေက ပြောလိုက်ပါတယ်။
2017-05-04
ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားကို ရန်ကုန်မြို့ Chatrium ဟိုတယ်မှာ ကျင်းပရာမှာ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက်ခဲ့ပါတယ်။
2017-05-04
ဥရောပ ၃ နိုင်ငံကို ခရီးရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ဥရောပသမဂ္ဂ အကြီးအကဲတွေနဲ့ တွေ့ဆုံခဲ့ပြီး၊ ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ်မောင်တောဒေသက မွတ်ဆလင်တွေ အရေးနဲ့ပတ်သက်လို့ သတင်းထောက်တွေက အဓိကထား မေးမြန်းခဲ့ကြပါတယ်။
2017-05-04
ရန်ကုန်မြို့က ဘတ်စကားလောကမှာ ပထမဆုံးအနေနဲ့ ယာဉ်စီးခ သတ်မှတ်မထားဘဲ ခရီးသည်တွေ ကျေနပ်သလောက် ပေးတာကိုသာယူတဲ့ ဘတ်စ်ကားတွေကို အင်းစိန်ကနေ မော်တင် ပြေးဆွဲနေတဲ့ YBS-၂၁ အထူးယာဉ်လိုင်းက စမ်းသပ်ပြေးဆွဲနေပါတယ်။
2017-05-04
ကယားပြည်နယ် ဒီမောဆိုမြို့မှာ အခြေအနေ အမျိုးမျိုးကြောင့် ဆယ်တန်းမအောင်တဲ့ လူငယ်တွေ ဆက်လက်ပညာသင်ကြားနိုင်တဲ့ "ဆယ်သဲသင်ယူလေ့လာရေးဆုံရပ်"ဆိုတဲ့ သင်တန်းကျောင်းရှိပါတယ်။
2017-05-04
ဧရာဝတီတိုင်းနဲ့ မကွေးတိုင်းက တောင်သူလယ် သမားတွေဟာ မိုးမကျသေးပေမဲ့ စိုက်ပျိုးဖို့ ပြင် ဆင်နေကြပြီး မန္တလေးတိုင်း မေမြို့ (ခေါ်) ပြင်ဦး လွင်မြို့နယ်က တောင်သူတွေတချို့ကတော့ တရား စွဲဆိုခံထားရပေမဲ့ အမှုဖြစ်နေတဲ့မြေမှာပဲ အရင်အ စိုးရလက်ထက်ကအတိုင်း ဝင်ရောက်စိုက်ပျိုးနေကြ တဲ့အကြောင်းနဲ့ ရာသီဥတု ကမောက်ကမဖြစ် လို့ တောင်သူတွေ အခက်အခဲကြုံရတဲ့ အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2017-05-04
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) က YBS ယာဉ် အစီးရေ ၂၀၀၀ ကျော်လောက်ကို မေလကုန်လောက်မှာ အသစ်လဲလှယ်သွားမှာဖြစ်ပြီး ယာဉ်လမ်းကြောင်းတွေ ကိုလည်း ပြောင်းလဲပေးဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။
2017-05-03
ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးရှိ ချွန်ဘူရီခရိုင် ဖတ်ထရားမြို့က ဆောက် လုပ်ရေးလုပ်ငန်းတစ်ခုကို မနေ့ မနက်ပိုင်း က အာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးခဲ့ရာမှာ မြန်မာတွေ အပါအဝင် တရားမဝင် နိုင်ငံခြားသား အလုပ်သမား ၃၀၀ ကျော်ကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
2017-05-03
မန္တလေး မစိုးရိမ်တိုက်က အရှင်ဝီရသူဟာ စစ်တွေမြို့ကို မနေ့က ရောက်ရှိလာပြီး မွတ် စလင်အများစု နေထိုင်ရာ ရခိုင်ပြည် နယ်မြောက်ပိုင်းက ဒေသတွေကို သွားရောက်မယ် လို့ မောင်တောခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဉာဏ်ဝင်း ဦး ပြောပါတယ်။
2017-05-03
ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာမှာ တပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံကို အချက် အလက်ရှာဖွေရေး အထူးအဖွဲ့စေလွှတ်ဖို့ ဆုံးဖြတ်ခဲ့ တာကို သူ့အနေနဲ့ လက်မခံနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မေလ ၂ ရက်-မနေ့က ပြောလိုက်ပါတယ်။