ဒေါ်အောင်ဆန်းစုကြည် EU သတင်းစာရှင်းလင်းပွဲ
2017.05.04
ဥရောပ ၃ နိုင်ငံကို ခရီးရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ဥရောပသမဂ္ဂ အကြီးအကဲတွေနဲ့ တွေ့ဆုံခဲ့ပြီး၊ ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ်မောင်တောဒေသက မွတ်ဆလင်တွေ အရေးနဲ့ပတ်သက်လို့ သတင်းထောက်တွေက အဓိကထား မေးမြန်းခဲ့ကြပါတယ်။ RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက ကောက်နှုတ်တင်ပြထားပါတယ်။