ဦးဝီရသူရဲ့ ရခိုင်ခရီးစဉ် မွတ်စလင်တွေ စိုးရိမ်
2017.05.03

Photo: RFA
မန္တလေး မစိုးရိမ်တိုက်က အရှင် ဝီရသူဟာ စစ်တွေမြို့ကို မနေ့က ရောက်ရှိလာပြီး မွတ်စလင်အများစု နေထိုင်ရာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဒေသတွေကို သွားရောက်မယ်လို့ မောင်တောခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဉာဏ်ဝင်းဦးက ပြောပါတယ်။
ဒါ့အပြင်သူက ဦးဝီရသူအတွက် လုံခြုံရေးစီစဉ်ပေးမှာဖြစ်ပါတယ်။ လာရောက်တဲ့ အကြောင်းရင်းကိုတော့ မသိရှိပါဘူး လို့ပြောပါတယ်။
ဒေသခံ မွတ်စလင်ခေါင်းဆောင်တဦးကတော့ အရှင်ဝီရသူဟာ မွတ်စလင် မုန်းတီးရေးတရားတွေကို အစဉ်အမြဲ မိန့်ကြားနေတာဖြစ်တဲ့အတွက် ဒီခရီးစဉ်ကို စိုးရိမ်ကြောင်း၊ မိမိတို့ အစ္စလာမ်ဘာသာဝင်တွေကို ထိပ်တိုက် ရင်ဆိုင်မှုတွေ ရှောင်ဖို့နဲ့ အထိတ်တလန့် မဖြစ်ကြဘဲ သတိထားနေထိုင်ကြဖို့ နှိုးဆော်ထားကြောင်း ပြောပါတယ်။