သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-04-05
အဲ့ဒီဒေသကို ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းမှာ အာဏာသိမ်းစစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ၅၀ ကျော် သေဆုံးခဲ့ရပြီး၊ နေအိမ်တွေလည်း မီးလောင်ပျက်စီးကုန်တာကြောင့် ဒေသခံ ၃၀၀၀ လောက် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခဲ့ရတယ်လို့ KNU က ပြောဆိုထားပါတယ်။
2021-04-05
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့ အရှေ့ပိုင်းမှာ ဧပြီ ၅ ရက်နေ့ ဒီနေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက် ဆန္ဒပြခဲ့ကြပါတယ်။
2021-04-05
မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်မှ ကျေးရွာများ စုပေါင်းကာ ဧပြီလ ၄ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆိုင်ကယ်များဖြင့် လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
2021-04-05
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ဖော့ကန်မှာ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဧပြီလ ၅ ရက်နေ့ ဒီနေ့မှာ ပြုလုပ်ခဲ့ကြပြီး တရုတ်နိုင်ငံ အလံကို မီးရှို့ခဲ့ကြပါတယ်။
2021-04-05
သူတို့ကို ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်ပြီး CNN သတင်းဌာနက စစ်ကောင်စီကို မေးမြန်းခဲ့ပြီးနောက် အခုလို ပြန်လွတ်လာတာဖြစ်ပါတယ်။
2021-04-05
RCSS နဲ့ TNLA၊ SSPP တပ်တွေ ဒီနေ့တိုက်ပွဲပြင်းထန်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံမန်ကျန်းရွာမှာ ဒီနေ့ ဧပြီလ ၅ ရက်နေ့က လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲတာကြောင့် အိမ်ခြေ နှစ်ဆယ်ကျော် မီးလောင်ပြီး အနီးအနားက ရွာသားတွေ အပါအဝင် လူဦးရေထောင်နဲ့ချီ နေရပ်စွန့်ခွာရပါတယ်။
2021-04-05
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဆရာဝန်တစ်ဦးနဲ့ ကျူရှင်ဆရာတစ်ဦးက ဦးဆောင် ပြီး တတိယအကြိမ်မြောက် "လိုသူယူ ပိုသူလှူ" မျှဝေခြင်း အစီအစဉ်ကို ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။ ဒီနေ့ညနေ ၃ နာရီမှာ လူအယောက် ၁၂၀၀ နီးပါးကို လှူဒါန်း နိုင်ခဲ့တယ်လို့ လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်သူ တစ်ဦးက RFA ကို ပြောပါတယ်။
2021-04-05
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရွှေပြည်ကျေးရွာမှာ မနေ့ညနေက စစ်လက်ကျန်ပစ္စည်း ပေါက်ကွဲရာကနေ သားမိ သုံးဦး သေဆုံးပြီး ကလေး တစ်ဦး အပြင်းအထန် ဒဏ်ရာရရှိသွားပါတယ်။
2021-04-05
အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဧပြီလ ၄ ရက် မနေ့ညနေပိုင်းကနေ ဧပြီလ ၅ ရက် ဒီနေ့ညပိုင်းအထိ လူ ခြောက်ဦး သေဆုံးခဲ့ပါတယ်။
2021-04-05
စစ်အာဏာဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ ပါဝင်တာကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ အနုပညာရှင်တွေထဲက တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ရဲတိုက်ကို စစ်ကောင်စီက ဖမ်းလိုက်ပါတယ်။
2021-04-05
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ကျေးရွာတွေစုပေါင်းပြီး ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2021-04-05
ချင်းပြည်နယ် ဟားခါးမြို့ အခြေစိုက်ဖြစ်တဲ့ The Hakha Post သတင်းဌာနကို ဧပြီ ၃ ရက်နေ့က စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း စာရွက်စာတမ်းတချို့နဲ့ ကွန်ပျူတာ သုံးလုံးကို ယူဆောင်သွားတယ်လို့ သိရပါတယ်။
2021-04-05
မန္တလေးမြို့၊ ၅၃ လမ်း မနော်ဟရီလမ်းအနီးမှာလည်း ဧပြီလ ၄ ရက်နေ့ မနေ့ည ၇ နာရီခွဲကျော်လောက်က နွေဦးတော်လှန်ရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ လက်မှာတက်တူး ရေးထိုးထားသူကို အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေက တာယာမီးနဲ့မြှိုက်ပြီး တက်တူးကို ဖျက်ဆီးလိုက်ပါတယ်။
2021-04-05
ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံက စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ မြန်မာနိုင်ငံသားတွေနဲ့ တထပ်တည်းရှိကြောင်း ချင်းမိုင်မြို့မှာ ဆန္ဒပြဖို့ နေရာအခက်အခဲတွေကြားက ဆန္ဒပြပွဲကို ဖြစ်အောင်လုပ်ခဲ့တယ်လို့ ဆန္ဒပြဦးဆောင်သူ ဒေါက်တာ ကျော်ကျော်မင်းထွဌ်က ပြောပါတယ်။
2021-04-05
ရန်ကုန်တိုင်း မင်္ဂလာဒုံဈေးမှာ ဧပြီလ ၂ ရက်နေ့က CNN သတင်းထောက်နဲ့ စကားပြောလိုက်လို့ အဖမ်းခံရတဲ့သူ ၁၀ ယောက်လောက်ရှိပြီး တချို့က အဖမ်းခံရမှာ စိုးရိမ်ထိတ်လန့်ပြီး ရှောင်ပုန်းနေရပါတယ်။ ဖမ်းဆီးခံထားရသူတွေဟာ မိသားစုတွေနဲ့ အဆက်အသွယ်မရသေးတာကြောင့် စိုးရိမ်မှုတွေရှိနေတယ်လို့ ရှောင်ပုန်းနေရတဲ့သူတွေထဲက အမည်လွှဲပေးထားတဲ့ မမော်ဆိုတဲ့ အမျိုးသမီးက ပြောပါတယ်။