ဖားကန့်မြို့မှာ လူ ၁၂၀၀ နီးပါးအတွက် အခြေခံစားနပ်ရိက္ခာ လှူဒါန်း

2021.04.05
ဖားကန့်မြို့မှာ လူ ၁၂၀၀ နီးပါးအတွက် အခြေခံစားနပ်ရိက္ခာ လှူဒါန်း ဖားကန့်မြို့က လိုသူယူ ပိုသူလှူ အစီအစဉ်မှာ လာရောက်တန်းစီနေသူတွေကို ၂၀၂၁ ဧပြီ ၅ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဆရာဝန်တစ်ဦးနဲ့ ကျူရှင်ဆရာတစ်ဦးက ဦးဆောင်ပြီး တတိယအကြိမ် မြောက် "လိုသူယူ ပိုသူလှူ" မျှဝေခြင်း အစီအစဉ်ကို ဒီနေ့ပြုလုပ်ခဲ့ပါတယ်။ ဒီနေ့ညနေ ၃ နာရီမှာ လူအယောက် ၁၂၀၀ နီးပါးကို လှူဒါန်းနိုင်ခဲ့တယ်လို့ လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်သူ တစ်ဦးက RFA ကို ပြောပါတယ်။

“အလှုခံသူအများစုကတော့ လက်လုပ်လက်စားတွေနဲ့ ရေမဆေးကျောက်ရှာနေကြသူတွေများတယ်။ အရင် နှစ်ကြိမ်နဲ့ မတူတာက အလှူခံဦးရေ လေးဆလောက် ပိုများလာတယ်။ လှူချင်တဲ့လူတွေလည်း ကျွန်တော်တို့ကို ပိုချိတ်ဆက်လာကြသလို ကျွန်တော်တို့ ကမ်းလိုက်တဲ့ အစီအစဉ် ဖိတ်စာတွေကြောင့် သူတို့အစီအစဉ်နဲ့ လာရောက်ပူးပေါင်းလာတာတွေ ရှိလာပါတယ်။ မြို့ပေါ်ရပ်ကွက်တွေပြီးရင်တော့ ကျွန်တော်တို့ မှော်ထဲရွာတွေဆီသွားပြီး ဆက်လက်လှုပ်ရှားမှာပါ"

အခြေခံအစားအစာ ဆန်၊ ဆီ၊ ဆား စတာတွေအပြင် နှာခေါင်းစည်းနဲ့ အားဆေးတွေပါ အခြေခံလက်လုပ် လက်စားတွေကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ် ။

ဖားကန့်မြို့မှာ မြန်မာနိုင်ငံ ဒေသအသီးသီးက ရေမဆေးကျောက်လာရှာသူတွေ၊ ပြန်ကျစျေးလာရောင်းသူတွေ သိန်းနဲ့ချီရှိပြီး ကျောက်မျက်တူးဖော်ရေးလုပ်ငန်းတွေ အချိန်အကန့်သတ်မရှိ ရပ်နားလိုက်တာကြောင့် လက်ရှိ မှာ တခြားမြို့နယ်တွေနဲ့မတူဘဲ စားသောက်ကုန်ကျစရိတ် စျေးကြီးလာပြီး တိုက်ပွဲဖြစ်ပွားမှုနှုန်းနဲ့ အလုပ် လက်မဲ့နှုန်းလည်း များလာတာတွေကြောင့် အရင်နှစ်တွေထက် စားဝတ်နေရေး နှစ်ဆလောက် ပိုကျပ်တည်း နေရတယ်လို့ ရေမဆေးရှာဖွေသူတွေက ပြောပါတယ်။

ဒါ့အပြင် ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်တပ်မတော် KIA တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။