လက်ပေါ်ကတက်တူးကို စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီး
2021.04.05
မန္တလေးမြို့၊ ၅၃ လမ်း မနော်ဟရီလမ်းအနီးမှာလည်း ဧပြီလ ၄ ရက်နေ့ မနေ့ည ၇ နာရီခွဲကျော်လောက်က နွေဦးတော်လှန်ရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ လက်မှာတက်တူး ရေးထိုးထားသူကို အာဏာသိမ်း စစ်ကောင်စီရဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေက တာယာမီးနဲ့မြှိုက်ပြီး တက်တူးကို ဖျက်ဆီးလိုက်ပါတယ်။
အဲဒီအမျိုးသားဟာ အိမ်ကနေ လမ်းထိပ်အထွက် အမှောင်ထဲမှာထိုင်နေတဲ့ စစ်သားနဲ့ ရဲ လေးယောက်လောက် က အတင်းခေါပြီး အင်္ကျီကိုချွတ်ခိုင်းပြီး စစ်ဆေးပြီးနောက် လက်ပေါ်မှာထိုးထားတဲ့ နွေဦးတော်လှန်ရေး၊ ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ နှစ်ငါးလုံး စတဲ့ တက်တူးတွေကို ကားတာယာကွင်းတွေ မီးမွှေးပြီး မီးရှို့ဖျက်သွား တယ်လို့ ကာယကံရှင်က RFA ကိုပြောပါတယ်။
မန္တလေးမြို့မှာတော့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လှည့်ပတ်နေကြပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးတာ၊ ဖမ်းဆီးတာတွေ ပြုလုပ်နေပါတယ်။