သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-10-02
ဇိုမီး အမျိုးသား ကွန်ဂရက်ပါတီကို နာမည်ပြောင်း ထားတဲ့ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ် ZCD ပါတီ အတွင်းရေးမှူးချုပ် ပူးကမ်လျန်းဟာ အမေရိကန်ပြည်ထောင်စုမှာ ခေတ္တရောက်ရှိနေပြီး၊ သူ့ရဲ့ခရီးစဉ်နဲ့ ပါတီရပ်တည်ချက် သဘောထားတွေ ကို ဦးခင်မောင်ညိန်းက မေးမြန်းထားပါတယ်။
2014-10-01
ဧရာဝတီ မြစ်ဆုံစီမံကိန်းကို နောင်တက်လာမယ့် အစိုးရအဆက်ဆက် အကောင်အထည် မဖော်ကြဖို့ စီမံကိန်းကြောင့် ပြောင်းရွှေ့ခံရတဲ့ ရွာသားတွေက တောင်းဆိုလိုက်ပါတယ်။
2014-10-01
၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2014-10-01
RFA က ရုပ်မြင်သံကြားအစီအစဉ်တွေကို ကြည့်ရှုနေရတာပါ။ အခုတခါ ဗုဒ္ဓဟူးနေ့တိုင်း အပတ်စဉ် တင်ဆက်နေတဲ့ "အနုပညာကမ္ဘာ" အစီအစဉ်ကို ထုတ်လွှင့်ပေးပါမယ်။
2014-10-01
ပြည်တွင်းမှာ ဘဏ်လုပ်ငန်း လုပ်ကိုင်ဖို့အတွက် နိုင်ငံခြားဘဏ် ၉ ခုကို မြန်မာနိုင်ငံဗဟိုဘဏ်က လုပ်ပိုင်ခွင့်လိုင်စင်တွေ ဒီနေ့ ထုတ်ပေးလိုက်ပါတယ်။ RFA အဖွဲ့သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။
2014-10-01
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် နယ်စပ် တစ်လျှောက်မှာ ရေကြောင်းရဲတပ်ဖွဲ့တွေ တိုးချဲ့ဖွဲ့စည်း သွားမှာဖြစ်ကြောင်း ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး နဲ့ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးဗဟိုကော်မတီ အတွင်းရေးမှူး နယ်စပ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တင်အောင်ချစ်က ဒီနေ့ ပြောခဲ့ပါတယ်။
2014-10-01
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ အများပြည်သူရဲ့ ယုံကြည် အားကိုးမှုရရှိအောင် ဆောင်ရွက် ဖို့ လိုအပ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက တိုက်တွန်း ပြောကြား လိုက်ပါတယ်။
2014-10-01
အခုချိန်ဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ဖို့အတွက် ပိုပြီး ကြိုးပမ်းဆောင်ရွက်ရမယ့် အချိန်ဖြစ်ကြောင်းနဲ့ သဘောတူစာချုပ် ချုပ်ဆိုနိုင်မှသာ နိုင်ငံရေး အသွင်ကူးပြောင်းမှု အခြေအနေနဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲဟာ အဆင်ပြေ မှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ ရေဒီယိုမိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။
2014-10-01
၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ စာအုပ်မှာပါတဲ့ လူဦးရေ ကိန်းဂဏန်းတွေဟာ မိမိတို့ ကောက်ခံခဲ့တာမဟုတ်ဘူးလို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2014-10-01
ပြည်တွင်းမှာ ဘဏ်လုပ်ငန်းလုပ်ကိုင်ဖို့ အတွက် နိုင်ငံခြားဘဏ် ၉ ခုကို မြန်မာနိုင်ငံ ဗဟိုဘဏ်က လုပ်ပိုင်ခွင့်လိုင်စင်တွေ ဒီနေ့ ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။
2014-10-01
ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့ထုတ် Weekly Eleven News ဂျာနယ်ပါ 'အများပြည်သူ ဝန်ဆောင်မှု မီဒီယာဥပဒေက နိုင်ငံပိုင်မီဒီယာတွေကို သွယ်ဝိုက်တဲ့နည်းနဲ့ ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစား မှုပြုလုပ်ဖို့ ခွင့်ပြုနေသလား' ဆိုတဲ့ သတင်းဖော်ပြချက်ဟာ မိမိတို့ဝန်ကြီးဌာနရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတာကြောင့် ဥပဒေအရ အရေးယူသွားမှာဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းက ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
2014-10-01
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့စွန် ၊ ဆွန်ဂေ ဘာကပ်မြို့နယ်က အိမ်ဆိုင် တစ်ဆိုင်ကို ရဲတပ်ဖွဲ့က သတင်းအရ မနေ့က ဝင်ရောက် စီးနင်းရာမှာ လူမှောင်ခိုကုန်ကူးဂိုဏ်းတစ်ဂိုဏ်းက မြန်မာ နိုင်ငံသား ၅ ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး တရားဝင်စာရွက် စာတမ်းမရှိတဲ့ မြန်မာနိုင်ငံသား ၂၈ ဦးကို ကယ်တင်နိုင်ခဲ့ တယ်လို့ ဘာနားမား မလေးရှား သတင်းဌာနက ဖေါ်ပြ ပါတယ်။
2014-10-01
ရခိုင်ပြည်နယ်ထဲက မွတ်စလင်တွေကို နိုင်ငံသားဖြစ်ခွင့် ကန့်သတ်ပိတ်ပင်ထား တဲ့ မြန်မာအစိုးရရဲ့ ၁၉၈၂ နိုင်ငံသားဖြစ် ခွင့်ဥပဒေကို ကန့်ကွက်ကြောင်း ရိုဟင်ဂျာအရေး လှုပ်ရှား သူတွေနဲ့ ရိုဟင်ဂျာအဖွဲ့အစည်းတွေက အမေရိကန်နိုင်ငံ နယူးရောက်မြို့က ကုလသမဂ္ဂရုံးရှေ့မှာ ဒီကနေ့ ဆန္ဒပြ ခဲ့ကြပါတယ်။