ပြည်သူယုံကြည်အားကိုး လာအောင်ဆောင်ရွက်ဖို့ ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို တိုက်တွန်း
2014.10.01

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ အများပြည်သူရဲ့ ယုံကြည် အားကိုးမှုရရှိအောင် ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက တိုက်တွန်း ပြော ကြားလိုက်ပါတယ်။
လူ့အဖွဲ့အစည်းအုပ်စုတွေအကြား ဘက်မလိုက်ဘဲ ဒီမိုကရေစီစနစ်နဲ့အညီ ပြည်သူတွေရဲ့ ယုံကြည်မှု ရအောင် ဆောင်ရွက်ကြဖို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ဒီနေ့ နေပြည်တော် သင်္ဂဟဟိုတယ်မှာကျင်းပတဲ့ မြန်မာနိုင်ငံရဲတပ်ဖဲ့ွ နှစ် ၅၀ ပြည့် ရွှေရတုအခမ်းအနားမှာ ပြောခဲ့တာဖြစ်ပါတယ်။
"ပြည်သူလူထူက ယုံကြည်စွာအပ်နံှထားတဲ့ လုပ်ပိုင်ခွင့်တွေကို ရဲတပ်ဖွဲ့အနေနဲ့ ဥပဒေနဲ့ အညီ ဆောင်ရွက်နေတာ ပေါ်လွင်နေအောင်ပြုလုပ်ကြရမှာဖြစ်ပါတယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြောင်းလဲနေတဲ့ ဒီမိုကရေစီစနစ်နဲ့အညီ ပြည်သူတွေရဲ့ယုံကြည်ကိုးစားမှှုကို ရယူတည်ဆောက်နိုင်ဖို့အတွက် တပ်ဖွဲ့အနေနဲ့ လူ့အဖွဲ့အစည်းအတွင်း ပိုမိုထိရောက်ပြီး အကျိုးရှိတဲ့လုပ်ငန်းတွေ ဆောင်ရွက်နိုင်ရန် အခြေခံအုတ်မြစ်ဖြစ် တယ်၊ ဒီမိုကရေစီ ရဲလုပ်ငန်းစဉ်တွေကို ပြောင်းလဲတည်ဆောက်သွားဖို့၊ ဒီလိုတည်ဆောက်ကြရာမှာ လူ့အဖွဲ့အစည်းကို ဒီမိုကရေစီအရ လွတ်လပ်ပြီးမျှတစွာ ဆက်ဆံရေးဆိုတဲ့ နည်းလမ်းနဲ့ ချဉ်းကပ်ပြီး လုပ်ငန်းတာဝန်တွေကို အောင်မြင်အောင်ဆောင်ရွက်သွားကြဖို့ မှာကြားလိုပါတယ်"
ဒါ့အပြင် အုပ်ချုပ်ရေးယန္တရား တိုးတက်ကောင်းမွန်ဖို့အတွက် ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူကို ဗဟိုပြုတဲ့ ရဲလုပ်ငန်းစဉ်တွေကို ဆောင်ရွက်ကြဖို့ ရဲတပ်ဖွဲ့ရဲ့လုပ်ငန်းစဉ်တွေကို မီဒီယာကတစ်ဆင့် ပြည်သူကို အသိပေးကြဖို့လည်း သူ့ရဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ် ၅၀ ပြည့် ရွှေရတုအခမ်းအနားမှာ ထူးချွန်ရဲတပ်ဖွဲ့ဝင်တွေကို ဆုတံဆိပ်နဲ့ အဆင့်တိုးမြှင့်ဆုတွေ ချီးမြှင့်ခဲ့ပါတယ်။