သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-09-01
ရခိုင်ပြည်နယ် မောင်တောဒေသမှာ အကြမ်းဖက် မှုတွေကြောင့် ကယ်ဆယ်ရေးစခန်းတွေကို ထွက်ပြေးလာခဲ့ကြတဲ့ ဒေသခံတွေဟာ စားဝတ်နေရေးအခက်အခဲတွေ ကြုံနေရပါတယ်။ မောင်တောကယ်ဆယ်ရေးစခန်းက ဒေသခံံတွေကို သွားရောက်ကူညီခဲ့တဲ့ မြေပုံမြို့နယ် ဂန်းဂွာချောင်း ကျောင်းတိုက်ဆရာတော် ဦးအိန္ဒကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်လျှောက်ထား မေးမြန်းခဲ့ ပါတယ်။
2017-09-01
တပ်မတော်က သတင်းမီဒီယာနဲ့အတူ သတင်းသမားတွေအပေါ် တရားစွဲဆိုထားသည့် အမှုအားလုံးကို ကျေအေးရုပ်သိမ်းလိုက်ပါတယ်။ ဒီအခြေအနေဟာ သတင်းမီဒီယာအတွက် တိုးတက်မှုတစ်ခုလို့ မြင်ပါသလားဆိုတာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဌ ဦးအောင်လှထွန်းကို မသင်းသီရိ ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။
2017-09-01
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာ ဦးဆောင်တဲ့ ထိပ်တန်းခေါင်းဆောင်တွေဟာ ဒီကနေ့ နေပြည်တော်က အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
2017-09-01
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေးရှေ့နေ ဦးကိုနီကို လုပ်ကြံမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးထားရတဲ့ ကြည်လင်း ကို သြဂုတ်လ ၃၀ ရက်နေ့က လဝက ဥပဒေအရ ထောင်ဒဏ် တစ်နှစ် ချမှတ်ထားတယ်လို့ မြောက်ပိုင်းခရိုင် တရားရုံးက ပြောပါတယ်။
2017-09-01
တပ်မတော်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုခံရထားပြီး အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းထားခံထားရတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို ဒီနေ့ ဒဂုံမြို့သစ် ဆိပ်ကမ်း မြို့နယ်တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်ပါတယ်။
2017-09-01
မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇/၁ နဲ့ တရားစွဲဆိုခံထားရတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF မြောက်ပိုင်းရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းဌေးကို ကချင်ပြည်နယ် မိုးမောက်မြို့နယ်တရားရုံးက ဒီနေ့ စီရင်ချက်ချရာမှာ တရားသေလွှတ်ပေးခဲ့ပါတယ်။
2017-09-01
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အစပ် ပလက်ဝမြို့နယ်ထဲက ကုလားတန်မြစ်အနောက်ဖက်ခြမ်းမှာ ရခိုင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ AA နဲ့ အစိုးရတပ်မတော်တို့ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့တယ် လို့ AA အဖွဲ့က ပြောပါတယ်။
2017-09-01
သတင်းမီဒီယာ ၆ ဦးနဲ့ အပါအဝင် စုစုပေါင်း ၈ဦး ကို တရားစွဲဆိုထားတဲ့အမှုတွေကို တပ်မတော်က ဒီကနေ့ ကျေအေးရုပ်သိမ်းပေးလိုက်ပါတယ်။
2017-09-01
ပြီးခဲ့တဲ့ရက်ပိုင်းတွေက အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ မောင်တောမြို့ အခြေအနေပာာ ဒီကနေ့ တိုးတက်မှုတွေရှိလာတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက RFA ကို ပြောပါတယ်။
2017-09-01
အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) အမည်နဲ့ ထုတ်ဝေခွင့်ပြုထား တဲ့ အောင်ဇေယျတုဂျာနယ်နဲ့ အတုမရှိဂျာနယ် နှစ်စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေခွင့်ရပ်ဆိုင်းလိုက်ပါတယ်။
2017-09-01
မောင်တောမြို့ပေါ်မှာ အကြမ်းဖက် ရန်ကြောင့် ဒေသခံတွေ မနေရဲတော့ပဲ ထွက်ပြေးနေတဲ့အတွက် မြို့မှာ လူမကျန်တော့ သလောက်ဖြစ်နေပြီလို့် သိရပါတယ်။
2017-09-01
သတင်းမီဒီယာသမား ၆ ယောက်အပါအဝင် ၈ ဦးကို တရားစွဲထားတဲ့ အမှုတွေကို တပ်မတော်က ဒီကနေ့ ပြန်ပြီးရုပ်သိမ်းလိုက်တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။