မောင်တောမြို့ အခြေအနေ တိုးတက်လာတယ် လို့ ပြည်နယ်အစိုးရပြော
2017.09.01
ပြီးခဲ့တဲ့ရက်ပိုင်းတွေက အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ မောင်တောမြို့ အခြေအနေပာာ ဒီကနေ့ တိုးတက်မှုတွေ ရှိလာတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက RFA ကို ပြောပါတယ်။
အဲဒီလို တိုးတက်လာတဲ့အတွက် မောင်တောမြို့က ဈေးတွေ ရုံးတွေကို ပုံမှန်အတိုင်း ပြန်ဖွင့်နိုင်အောင် စီစဉ်နေ တယ်လို့ ဦးတင်မောင်ဆွေက ပြောပါတယ်။
"တိုးတက်ပါတယ် တိုးတက်တယ်ဆိုတာက ကျနော်တို့ ဈေးဆိုင်တွေပြန်ဖွင့်ဖို့ မော်တော်ကား လိုင်းတွေ ပြန်ပြီး ပြေးဆွဲဖို့ ဒီပာာတွေကို ပြန်လုပ်နေပါပြီ။ ရုံးတွေလည်း ပုံမှန်အလုပ်တွေ ပြန်လုပ်နေပါပြီ"
ဒီကနေ့ မောင်တောဒေသမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းလင်းရေးပြုလုပ်ရာမှာ ပစ်ခတ်မှုဖြစ်စဉ် အနည်းအကျဉ်းသာ ဖြစ်ပွားကြောင်းလည်း ပြောပါတယ်။
အစိုးရအနေနဲ့ လက်ရှိအချိန်မှာ ဖျက်ဆီးခံထားရတဲ့ လမ်းတံတားတွေကို ပြုပြင်နေတယ်လို့ သိရပါတယ်။
သြဂုတ်လ ၂၅ ရက်နေ့ကစပြီး မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ အကြမ်းဖက်သမားတွေ က လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပြင် သာမာန်အရပ်သားတွေကိုပါ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာပါ။
အဲဒီ အကြမ်းဖက်မှုတွေကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင် ၁၃ ဦး၊ ဝန်ထမ်း ၂ ဦးနဲ့ အရပ်သား ၁၄ ဦး သေဆုံးခဲ့ရတယ် လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက မနေ့က ထုတ်ပြန်ထားပါတယ်။