မောင်တော အခြေအနေ မေးမြန်းချက်
2017.09.01
မောင်တောမြို့ပေါ်မှာ အကြမ်းဖက်ရန်ကြောင့် ဒေသခံတွေ မနေရဲတော့ပဲ ထွက်ပြေးနေတဲ့အတွက် မြို့မှာ လူမကျန်တော့သလောက်ဖြစ်နေပြီလို့် သိရပါတယ်။ သြဂုတ်လ ၃၀ ရက်နေ့ကစပြီး ANP ရခိုင်အမျိုးသားပါတီရဲ့ ဒု-ဥက္ကဌ ဦးခိုင်ပြည်စိုးတို့အဖွဲ့ ကယ်ဆယ်ရေးပစ္စည်းတွေလှူဖို့ မောင်တော မြို့ကို ရောက်နေပါတယ်။ သူ့ပြောဆို ချက်အရ ဘူးသီးတောင်က လူငယ် ၂ ယောက် မောင်တောမြို့နဲ့ ဘူးသီးတောင်ကြားက ၃ မိုင်နားမှာ အသတ်ခံရ တယ်လို့လည်း သိရပါတယ်။
မောင်တောမြို့ရဲ့ နောက်ဆုံးအခြေအနေသိရအောင် ဦးခိုင်ပြည်စိုး ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် မနေ့ညက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။