သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-04-06
စစ်ကိုင်းတိုင်း ကလေးမြို့ကို စစ်ကောင်စီတပ်က နေ့တိုင်းဆက်တိုက်ဖြိုခွင်း နေတာကြောင့် ဒေသခံတချို့ဟာ မြို့မှာ ဆက်မနေရဲဘဲ ဆွေမျိုးမိတ်ဆွေတွေရှိတဲ့ တခြားမြို့တွေကို ပြောင်းရွေ့နေကြပါတယ်။
2021-04-06
မန္တလေးတိုင်း၊ကျောက်ပန်းတောင်းမြို့နယ် တိုင်းလွတ်တော်ကိုယ်စားလှယ်လည်း ဖြစ်၊ NLD အလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်တဲ့ ဦးအေးခိုင်ကို စစ်ကောင်စီက ဒီကနေ့ နေ့လယ်ပိုင်းက ဖမ်းဆီးသွားပါတယ်။
2021-04-06
စစ်တပ်အာဏာသိမ်းတာ ၆၅ ရက်ရှိလာပြီဖြစ်ပြီး နယ်ပေါင်းစုံ လမ်းပေါင်းစုံမှာ ပိတ်ဆို့ စစ်ဆေးနေတာတွေကြောင့် ကုန်စည်စီးဆင်းမှုတွေ မရှိတော့သလောက် ဖြစ်လာတဲ့အတွက် ပြည်သူတွေ စားဝတ်နေရေး ခက်ခဲလာပါတယ်။
2021-04-06
ပုဒ်မ ငါးခုနဲ့ စွပ်စွဲတရားစွဲခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီဘက်က နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခွင့်ရပ်နားခိုင်းတဲ့အထိ အဆိုးဆုံးအရေးယူနိုင်ခြေရှိတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က သုံးသပ်ပါတယ်။ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကို RFA ဝိုင်းတော်သား စောဖိုးခွားက ဆက်သွယ်မေးမြန်းထားပါတယ်။
2021-04-06
အာဏာသိမ်းစစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ဧပြီလ ၅ ရက် ညနေပိုင်းကနေ ဧပြီလ ၆ ရက် ဒီနေ့ထိ ၂၄ နာရီအတွင်း RFA က အတည်ပြုလို့ရသမျှ တစ်နိုင်ငံလုံးမှာ သေနတ်ဒဏ်ရာရသူ အနည်းဆုံး သုံးဦးရှိပြီး မိုးကောင်းမြို့က အမျိုးသမီးတစ်ဦး သွေးထွက်လွန်ပြီး အသက်အန္တရာယ် စိုးရိမ်နေရပါတယ်။
2021-04-05
မန္တလေးမြို့မှာ စစ်အာဏာရှင်ကျဆုံးရေးအတွက် ကျန်းမာရေးဝန်ထမ်း မိသားစုတွေ စုပေါင်းပြုလုပ်တဲ့ အရုဏ်ဦးသပိတ် ဒီကနေ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက် ဖြိုခွဲခံရပြီး လေးဦး ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။
2021-04-05
၂ဝ၂၁ ခုနှစ် ဧပြီလ ၄ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ရုရှားသံရုံးရှေ့မှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့ နွေဦးတော်လှန်ရေး ထောက်ခံသူများ(ကိုရီးယား)အဖွဲ့ရဲ့ ဆန္ဒပြပွဲကို ကိုရီးယားဒီမိုကရေစီအရေး ဦးဆောင်ခဲ့သူ သမ္မတကြီး ဂင်ဒယ်ဂျွန်(နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်)ရဲ့ မြေး ဂင်ဂျွန်ဒယ်က ပူးတွဲကူညီဝန်းရံ ဆန္ဒပြခဲ့ပါတယ်။
2021-04-05
စစ်ကောင်စီတပ်တွေက အကြမ်းဖက် ပစ်ခတ်မှုတွေ ဆက်တိုက်လုပ်နေပေမယ့် မန္တလေး၊ ပြည်ကြီးတံခွန် မြို့နယ်ထဲမှာ ဒီကနေ့ည ဆက်လက်သပိတ်မှောက်နေကြတာ ဖြစ်ပါတယ်။
2021-04-05
ထိုင်းမြန်မာနယ်စပ် သံလွင့်မြစ်ကမ်းနံဘေး မဲစရင်းယန်းဒေသမှာ ၂ရက်ကြာ သောင်တင်ခဲ့တဲ့ ကရင်စစ်ပြေးဒုက္ခသည်တွေအတွက် ကူညီလှူဒါန်းမယ့် စားနပ်ရိက္ခာတွေကို ဧပြီလ ၅ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေဘက်က သယ်ဆောင်ခွင့်ပြုလိုက်ပါပြီ။
2021-04-05
ဒီရက်ပိုင်းအတွင်း တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ တပ်ပေါင်းစုဖွဲ့စည်းဖို့အတွက် ဆွေးနွေး တိုင်ပင်နေကြတယ်လို့ သိရပါတယ်။ အဓိကလိုအပ်ချက်က ညီညွတ်ရေးနဲ့ ငွေကြေးဖြစ်ပြီး CRPH နဲ့ တိုင်းရင်းသားတွေ လက်တွဲနိုင်မယ်ဆိုရင် အာဏာရှင်စနစ်ကို အပြီးဖယ်ရှားနိုင်မှာဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။
2021-04-05
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲသုံးကြိမ် ဆက်တိုက် ဝင်ပြိုင်ပြီး အနိုင်ရခဲ့တဲ့ မဲဆန္ဒနယ်မြေဖြစ်တဲ့ ရန်ကုန်၊ ကော့မှူးမြို့နယ်ထဲက လူငယ်တွေရဲ့ ဧပြီလ ၅ ရက်နေ့က ပိတောက်သပိတ် ဆန္ဒပြမှု မြင်ကွင်းတွေ ဖြစ်ပါတယ်။
2021-04-05
ဒီကနေ့ည ၉ နာရီကျော်က ညဘက်ဆန္ဒပြတဲ့သူတွေမရှိပေမယ့် စစ်ကောင်စီတပ်သားတွေက ညဘက်လမ်းသွားလမ်းလာ ဆိုင်ကယ်နဲ့ အရပ်သားတွေကို ခြောက်လှန့်ပစ်ခတ်နေတာလို့ အဲ့ဒီဒေသခံကဆိုပါတယ်။
2021-04-05
ပင်လည်ဘူးမြို့က ဆန္ဒပြတဲ့ပြည်သူတွေကို ဒီညအပြတ်ဖြိုခွင်းဖို့ ကောလင်းမြို့ဘက်က စစ်ကောင်စီရဲ့ စစ်ကူတပ်သားတွေ ပင်လည်ဘူးမြို့ကို လာပူးပေါင်းနေကြတယ်လို့လည်း အဲဒီသပိတ်ခေါင်းဆောင်က ပြောပါတယ်။
2021-04-05
ဧည့်စာရင်း မပျက်မကွက် တိုင်ကြားဖို့ "နောက်ဆုံးအကြိမ်" သတိပေးတာ ဆိုပြီး ရပ်ကွက်တွေထဲမှာ တစ်လမ်းဝင်တစ်လမ်းထွက် အသံချဲ့စက်နဲ့ လိုက်လံအော်ဟစ်နေတာလို့ ဆိုပါတယ်။
2021-04-05
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသက ပြည်သူတွေ ဒီကနေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြတာဖြစ်ပါတယ်။