သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-06-01
ထန်တလန်မြို့မှာ နေအိမ် နှစ်ထောင်ဝန်းကျင်သာရှိပြီး စစ်ကောင်စီတပ်က ၂၈ ကြိမ် မီးရှို့ခဲ့တာကြောင့် ခရစ်ယာန်ဘုရားကျောင်း နဲ့ ဘာသာရေးအဆောက်အအုံတွေအပါအဝင် လူနေအိမ် ၁၂ဝဝ ကျော် မီးလောင်ပျက်စီးခဲ့ရပါတယ်။
2022-06-01
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေကြောင့် မိဘတွေနဲ့အတူ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ အထက်တန်းကျောင်းသူ၊ ကျောင်းသားတွေအတွက် နွေဦးဂုရုလေးများလို့ အမည်ပေးထားတဲ့ ပညာရေးစင်တာတစ်ခု ဖွင့်ထားပါတယ်။
2022-06-01
လူတစ်ဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရရှိခဲ့တဲ့ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၃၅ လမ်း ကားမှတ်တိုင် ဗုံးပေါက်ကွဲမှုဟာ PDF တွေရဲ့ လက်ချက်ဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနေ့ နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စွပ်စွဲပြောဆိုလိုက်ပါတယ်။
2022-06-01
ရန်ကုန်အပါအဝင် အခြားမြို့ကြီးတွေမှာ ညဘက်တွေသာမက နေ့ခင်းဘက်တွေမှာတောင် ဖုန်း၊ ပိုက်ဆံအိတ်၊ လက်ဝတ်ရတနာနဲ့ ဆိုင်ကယ်၊ စက်ဘီး စတာတွေ လုယက်ခံရတာ ပိုများလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
2022-06-01
ပြည်တွင်းလေကြောင်းခရီးစဉ်တွေနဲ့ ခရီးသွားလာမယ့်သူတွေ ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ရေပြည့်အောင် ထိုးထားရင် ဇွန်လ ၁ ရက် ဒီနေ့ကစပြီး RDT စစ်ဆေးစရာမလိုအပ်ဘဲ ခရီးသွားနိုင်တယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
2022-06-01
တစ်ကမ္ဘာလုံးက အကျပ်အတည်းနဲ့ ပြဿနာတွေကို လေ့လာစောင့်ကြည့်နေတဲ့ နိုင်ငံတကာ ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ International Crisis Group (ICG) က မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ စာမျက်နှာ ၃၆ မျက်နှာပါတဲ့ အစီရင်ခံစာတစ်စောင်ကို ဇွန်လ ၁ ရက် ဒီကနေ့ထုတ်ပြန်ပြီး ရခိုင်ဒေသမှာ တိုက်ပွဲတွေ ပြန်မဖြစ်သင့်ဘူးလို့ တိုက်တွန်းလိုက်ပါတယ်။
2022-06-01
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရင်း သေဒဏ်ပေးခံခဲ့ရတဲ့သူတွေကို ပြစ်မှုနဲ့ ပြစ်ဒဏ် တူညီအောင်ပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန်လ ၁ ရက် ဒီနေ့နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
2022-06-01
မန္တလေးမြို့မှာရှိတဲ့ စျေးချိုတော်၊ မန်းမြန်မာပလာဇာနဲ့ ရတနာပုံစျေးတွေက ဆိုင်ခန်းတွေကို ဇွန်လ ၇ ရက်နေ့ နောက်ဆုံးထား ဖွင့်လှစ်ဖို့နဲ့ မဖွင့်ရင် စျေးဆိုင်တွေကို သိမ်းဆည်းသွားမယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက သတိပေးထားတယ်လို့ စျေးဆိုင်ဖွင့်ထားသူတွေက ပြောပါတယ်။
2022-06-01
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ကံကြီးအနောက်ရွာကို မေလ ၃၁ ရက်နေ့ မနေ့က ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရွာလုံခြုံရေးလုပ်ဆောင်နေတဲ့ အရပ်သားငါးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-06-01
မေလ ၃၁ ရက် မနေ့က စစ်ကိုင်းတိုင်း ကလေးမြို့နယ် နတ်မြောင်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် လူ ခုနစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။