ပြည်တွင်းလေကြောင်းခရီးသွားတွေ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားရင် RDT စစ်စရာမလို

2022.06.01
ပြည်တွင်းလေကြောင်းခရီးသွားတွေ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားရင် RDT စစ်စရာမလို နိုင်ငံခြားခရီးသွားတချို့အား ရန်ကုန်လေဆိပ်တွင် ၂၀၂၂ ခုနှစ် မေလ ၂ ရက်နေ့က တွေ့ရစဉ်
Photo: CJ

ပြည်တွင်းလေကြောင်းခရီးစဉ်တွေနဲ့ ခရီးသွားလာမယ့်သူတွေ ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ရေပြည့်အောင် ထိုးထားရင် ဇွန်လ ၁ ရက် ဒီနေ့ကစပြီး RDT စစ်ဆေးစရာမလို အပ်ဘဲ ခရီးသွားနိုင်တယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက် ပါတယ်။

လေကြောင်းနဲ့ ခရီးသွားမယ့်သူတွေအနေနဲ့ လွန်ခဲ့တဲ့ ၁၄ ရက်ကျော်က ကျန်းမာရေးဝန်ကြီး ဌာန အသိအမှတ်ပြု ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ် (အကြိမ်ပြည့်) ထိုးနှံထားရမှာဖြစ် ပြီး အကြိမ်ပြည့် မထိုးနှံထားရင်တော့ ခရီးစဉ်မတိုင်ခင် ၄၈ နာရီအတွင်း RDT နဲ့ စစ်ဆေး ချက်ကို ပြသရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို ဖြေလျှော့ပေးတာကြောင့် ပြည်တွင်းလေကြောင်းနဲ့ ပတ်သက်တဲ့ ခရီးသွားတွေ များပြားလာနိုင်တယ်လို့ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်နောင်းဟန်က ပြောပါတယ်။

“ပြည်တွင်းခရီးစဉ်တွေက သတင်းကြားနေတာကြာပြီ။ ကိုဗစ်နဲ့ ပတ်သက်ပြီး နှာခေါင်း ထိုးပြီး စစ်စရာ မလိုတော့ဘူးဆိုရင် အင်မတန်မှ ကောင်းပါတယ်။ အခုလက်ရှိ လေ ကြောင်းခရီးသွားချင်တဲ့သူတွေက အဲဒီ နှာခေါင်းထိုးစစ်ရမှာကို ကြောက်တဲ့အတွက် လေကြောင်းခရီးကို ရှောင်နေကြတာ။ အခုလိုမျိုး ဖြေလျှော့ပေးလိုက်မှုအပေါ်မှာ ပြည်တွင်းလေကြောင်းနဲ့ ပတ်သက်တဲ့ ခရီးသွားတွေ အများကြီး ဖွံ့ဖြိုးတိုးတက်လာမယ်။ လေယာဉ်တွေလည်း ပြည်တွင်းမှာ အများကြီးပြေးဆွဲနိုင်လိမ့်မယ်”

အသက် ခြောက်နှစ်အောက် ကလေးငယ်တွေကိုတော့ RDT စစ်ဆေးမှု ကင်းလွတ်ခွင့်ပေး ထားသလို အသက် ၁၂ နှစ် အောက် ကလေးတွေကိုလည်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး လက်မှတ် တင်ပြစရာမလိုဘူးလို့ သတ်မှတ်ထားပါတယ်။

ပြည်တွင်းလေကြောင်းနဲ့ ခရီးသွားလာနေသူတစ်ဦးကလည်း “အခုလို စစ်စရာမလိုတော့ ဘူးဆိုတော့ အရင်ကထက် ပိုအဆင်ပြေတာပေါ့။ အရင်ကဆို ခရီးမသွားခင် သွားစစ်ရ တာကလည်း အလုပ်တစ်ခု ပိုနေတယ်။ စစ်ဦး၊ အဖြေစောင့်ဦးနဲ့။ ကာကွယ်ဆေးတွေ လည်း ထိုးထားတာပဲ။ အခုတော့ လေကြောင်းနဲ့ ခရီးသွားရတာ ပိုအဆင်ပြေတာပေါ့” လို့ ပြောပါတယ်။

၂၀၂၀ ပြည့်နှစ် မေလကနေစပြီး လက်ရှိ ဒီကြေညာချက်မထုတ်ပြန်ခင်အထိ ပြည်တွင်း လေကြောင်း ခရီးသည်တွေအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသား တစ်လပြည့်ဖို့ လိုအပ်မှာဖြစ်သလို RDT လည်း စစ်ဆေးခဲ့ရတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။