သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-06-02
ကယားပြည်နယ် ဒီမောဆိုမြို့နယ်မှာ ရွှေကိန္နရီကုမ္ပဏီက ထုံးကျောက်ထုတ်လုပ်ပြီး ဘိလပ်မြေ စက်ရုံ ဆောက်လုပ်ဖို့ ပြင်ဆင်နေတဲ့အပေါ် ဒေသခံတွေက ကန့်ကွက်နေကြပါတယ်။ RFA သတင်းထောက် မခင်ပြည့်စုံက တင်ပြထားပါတယ်။
2014-06-02
ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်၊ နောင်တောင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ တနိုင်ငံလုံးက ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကျောင်းထိုင်ဆရာတော်တွေ၊ ဆရာဆရာမတွေ စုပေါင်းပြီး "ဘကကျောင်းများ" အဆင့်မြှင်တင်ရေးအတွက် ဆွေးနွေးနေကြပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2014-06-02
နိုင်ငံတကာ ဗုဒ္ဓအခါတော်နေ့ အထိမ်းအမှတ် ပွဲတခုကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်အနီးက မြန်မာဘုန်းတော်ကြီးကျောင်းမှာ မနေ့က ကျင်းပခဲ့ပါတယ်။ ဒီပွဲကျင်းပတာနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဘာရက်အိုဘားမားက သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ ဒီအကြောင်း ကိုယ်တိုင် သတင်း သွားယူခဲ့တဲ့ RFA အဖွဲ့သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။
2014-06-02
သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် ထောက် ကြံ့ကွင်းကျေးရွာမှာ အသိမ်းခံထားရတဲ့ လယ်ယာမြေတွေမှာ လယ်သမားတွေက ဝင်ရောက်ထွန် ယက်ဖို့ ဒီနေ့ကြိုးစားရာ မြို့နယ်ရဲမှူးနဲ့ အုပ်ချုပ်ရေးကတားမြစ် ပြီး အဲ့ဒီလယ်ယာမြေ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ကိစ္စကို ၇ ရက်အတွင်း ဖြေ ရှင်းပေးမယ်လို့ ကတိပေးခဲ့ကြောင်း သိရ ပါတယ်။
2014-06-02
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှာ တိုးချဲ့မြို့သစ် စီမံကိန်းအတွက် သိမ်းဆည်း ထားတဲ့ လယ်မြေတွေနဲ့ ပတ်သက်ပြီး ခရိုင် နဲ့ မြို့နယ်အုပ်ချုပ်ရေးက လျော်ကြေးအနေနဲ့ မြေကွက်တွေ သတ်မှတ်ပေးတဲ့အပေါ် လယ်သမားတော်တော်များများက လက်မခံဘဲ တားမြစ်ခဲ့တဲ့အတွက် မနေ့က တင်းမာ မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
2014-06-02
ရန်ကုန်မြို့အနီးမှာ တည်ဆောက်မယ့် သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းဒေ သကနေ ပြောင်းရွှေ့ခံရတဲ့ ကျေးရွာ ၆ ရွာက ဒေသခံတွေမှာ အခက်အခဲတွေကြုံတွေ့နေရကြောင်း တင်ပြစာကို သီလဝါ လူမှုဘဝဖွံ့ဖြိုးရေးအဖွဲ့က ဂျပန်နိုင်ငံ တိုကျိုမြို့မှာရှိတဲ့ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုအေဂျင်စီ (JICA) ထံ ဒီနေ့ ပေးအပ်ခဲ့တယ်လို့ သိရ ပါတယ်။
2014-06-02
တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၄ ယောက်ကို တင်ဆောင်လာတဲ့ ကားတစ်စီးဟာ ထိုင်းနိုင်ငံ ဘန်ကောက် မြို့အဝင်နားက ဘန်ဘော်မြို့မှာ ဒီနေ့ မနက်ပိုင်းက ကား တိုက်မှုဖြစ်ပွားခဲ့လို့ မြန်မာနိုင်ငံသား ၂ ယောက်သေဆုံးပြီး ၁၅ ယောက် အပြင်းအထန် ဒဏ်ရာရခဲ့ကြတယ်လို့ သိရ ပါတယ်။
2014-06-01
ကရင်ပြည်နယ်လော်ခီးလာမှာ စနေနေ့က ကျင်းပ ပြီးစီးသွားခဲ့တဲ့ ကရင်အမျိုးသား စည်းလုံးရေး နှီးနှောဖလှယ်ပွဲနဲ့ပတ်သက်ပြီး ကျင်း ပရေးကော်မတီက ပြန်ကြားရေးတာဝန်ခံတစ်ဦးဖြစ်တဲ့ ဦးစောလွင်ဦး ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
2014-06-01
ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းမှာ အဖွဲ့ဝင် ၆ ဦးပါဝင်တဲ့ စိစစ်မှတ်ပုံတင်ရေးအဖွဲ့ ကနေ ဘာသာကူးပြောင်းလိုသူတွေကို စစ်ဆေးရမယ်လို့ဖေါ်ပြထားပါတယ်။ အဲဒီလို စိစစ်မယ့် မှတ်ပုံတင်အဖွဲ့ဝင်တွေဟာ ဗုဒ္ဓဘာသာဝင်တွေချည်းပဲ ဖြစ်မယ်ဆိုရင် တရားမျှတမှှုရှိပါ့မလားလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှှုဆောင်အဖွဲ့ဝင် ရှေ့နေကြီး ဦးဉာဏ်ဝင်း က မေးခွန်းထုတ်လိုက်ပါတယ်။ ဦးဉာဏ်ဝင်းရဲ့ သဘောထားတွေကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ခုလိုဆက်သွယ်မေးမြန်းထားပါတယ်။
2014-06-01
မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန် လိုတဲ့ ဆန္ဒ ရှိနေဆဲဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
2014-06-01
လူမျိုးရေးဘာသာရေးအမုန်းပွားစေတဲ့ စကားတွေ မပြောဆိုကြဖို့ ပညာပေး လှုံ့ဆော်ထားတဲ့ တေးသီချင်း MTV အခွေချပ်ရေ ၁ သိန်းကျော်နဲ့ အိပ်ဆောင် စာအုပ်တွေကို တနိုင်ငံလုံး အတိုင်း အတာနဲ့ ဖြန့်ဝေသွားမယ်လို့ “ပန်းစကား” အဖွဲ့က ပြောပါတယ်။
2014-06-01
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး မနက်ဖြန် ချင်းပြည်နယ် ဟားခါးမြို့မှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲ ကျင်းပမယ့် နေရာကို ပြည်နယ်အစိုးရက ခွင့်ပြုချက် မပေးဘူူးလို့ ချင်းပြည်နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် က ပြောပါတယ်။
2014-06-01
ကရင်အမျိုးသား စည်းလုံးညီညွတ်ရေးကို အဓိကထားပြီး ကရင်အမျိုးသား အစည်း အရုံးရဲ့ နိုင်ငံရေးဦးဆောင်မှုနဲ့ ဖက်ဒရယ်ပြည်ထောင် စု ပေါ်ထွန်းရေးဆောင်ရွက်သွားမယ်လို့ ၁၀ကြိမ်မြောက် ကျင်းပတဲ့ ကရင်အမျိုးသား စည်း လုံးရေး နှီးနှောဖလှယ်ပွဲမှာ ဆုံးဖြတ်ချက်ချမှတ်လိုက်ပါတယ်။
2014-06-01
လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီက အသိအမှတ်ပြုထား တဲ့ လက်ကျန် နိုင်ငံရေး အကျဉ်းသား ၆၀ ကျန်နေသေးကြောင်း နဲ့ အဲဒီစာရင်းကို အကျဉ်းဦးစီးဌာနနဲ့ သမ္မတရုံးထံ ဒီနေ့ ပေးအပ်လိုက်တယ်လို့ သိရပါတယ်။
2014-06-01
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် မယ်ဆိုရင် နိုင်ငံမှာမတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာနိုင်တယ် လို့ ပြောဆိုနေတာကို နားမယောင်ကြဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ဒီနေ့ ပြောလိုက်ပါတယ်။