နိုင်ငံရေး အကျဉ်းသား ၆၀ လက်ကျန် ရှိနေသေး
2014.06.01

လက်ကျန်နိုင်ငံရေး အကျဉ်းသားစိစစ်ရေးကော်မတီက အသိအမှတ်ပြုထားတဲ့ လက်ကျန် နိုင်ငံရေး အကျဉ်း သား ၆၀ ကျန်နေသေးကြောင်း နဲ့ အဲဒီစာရင်းကို အကျဉ်းဦးစီးဌာနနဲ့ သမ္မတရုံးထံ ဒီနေ့ ပေးအပ်လိုက် တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ အစည်း အဝေးကျင်းပခဲ့တာဖြစ်ပြီး အဲ့ဒီစာရင်းအတိုင်း အစိုးရ က ပြန်လည်စိစစ်မှာဖြစ်တယ်လို့ လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီဝင် ဦးရဲအောင် က ပြောပါတယ်။
"၂၀၁၃ မှာ လက်ကျန်နိုင်ငံရေးအကျဉ်းသား ၃၀ ကျနော်တို့စာရင်းအရ ရှိနေပြီးတော့ အခု ၂၀၁၄ မှာနောက်ထပ် တိုးတာကအယောက် ၃၀ စာရင်း ကျနော်တို့ တင်ပြပေးခဲ့ပါတယ်၊ အကျဉ်ဦးစီး ညွှန်ကြားရေးမှူးချုပ်က ဒီစာရင်းတွေကို အကျဉ်းထောင်ထဲ မှာ ရှိမရှိ စစ်ဆေးပြီးတော့ အကျဉ်းထောင်ထဲမှာ လည်းရှိတယ် ဒီပုဒ်မတွေအရကျနေတာလည်း မှန်တယ် ဆိုလို့ရှိရင် နောက်တစ်ကြိမ် ကော်မတီအစည်းအဝေး ကျရင် ဒီလူတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ဆွေးနွေးကြပါမယ်"
လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီက တင်ပြလိုက်တဲ့ အကျဉ်းသားတွေထဲမှာ ၂၀၁၀ ခုနှစ်မတိုင် ခင်က နိုင်ငံရေး ပုဒ်မ တွေနဲ့ ထောင်ချခံထားကြရတဲ့ သူတွေပါရှိတဲ့အပြင် ဒီနှစ် အတွင်း တရားမဝင် စီတန်းလှည့် လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈၊ နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ)တို့နဲ့ တရားစွဲဆို ထောင်ချခံထားရ သူတွေ ပါဝင်တယ်လို့ သိရပါတယ်။