သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-04-03
ပြည်လုံးကျွတ်သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာဆိုပြီး ထည်သွင်းခွင့်မပြုကြောင်း အစိုးရကထုတ်ပြန်ထားပေမဲ့ မွတ်စလင်တွေက ရိုဟင်ဂျာဆိုပြီး ဖြေဆိုနေတာတွေရှိတဲ့အတွက် သန်းခေါင်စာရင်းကောက်ယူမှုမှာ အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။
2014-04-03
ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခ ပြသနာတွေကို အစိုးရအနေနဲ့ တရားမျှတစွာ ဖြေရှင်းကိုင်တွယ်ဖို့ လိုအပ်သလို ဒီပြသနာတွေကြောင့် နိုင်ငံမှာ အရေးကြီးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့ မူလလမ်းကြောင်းက သွေဖယ်မသွားဖို့လည်း လိုအပ်တယ်လို့ ၈၈ မျိူးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က တိုက်တွန်းလိုက်ပါတယ်။
2014-04-03
ကရင်နီပြည်လူငယ်များသမဂ္ဂ (UKSY) ရဲ့ အရေးပေါ်ညီလာခံကို ကယားပြည်နယ် လွိုင်ကော်မြို့ နောင်ယား (က) ရပ်ကွက်မှာရှိတဲ့ ကရင်နီပြည် လူငယ်များသမဂ္ဂရုံးမှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။ RFA သတင်းထောက် မခင်ပြည့်စုံက တင်ပြထားပါတယ်။
2014-04-03
ရှမ်းပြည်နယ်ထဲက သံလွင်မြစ်နဲ့ သံလွင်မြစ်လက်တက်တွေပေါ်မှာ အစိုးရနဲ့ တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ကော်ပိုရေးရှင်း ပူးတွဲပြီး ရေကာတာတည်ဆောက်မယ့် စီမံကိန်းတွေကို ချက်ခြင်းရပ်တန့်ပေးဖို့ "ရှမ်းလူမှုအဖွဲ့အစည်း"က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံ ကို RFA ဝိုင်းတော်သား ကိုဂျေက တင်ပြထားပါတယ်။
2014-04-02
ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂ အကူအညီပေးရေး အဖွဲ့အစည်းတွေ ဆက်လက်အကူအညီပေးနိုင်ဖို့ ကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေကိုယ်စားလှယ် Mrs. Renata နဲ့ UNHCR, UNOCHA အဖွဲ့အစည်းတွေရဲ့ အကြီးအကဲတွေဟာ စစ်တွေမြို့က ရပ်မိရပ်ဖတွေနဲ့ စစ်တွေဟိုတယ်မှာ ဒီကနေ့ တွေ့ ဆုံဆွေးနွေးခဲ့ပါတယ်။
2014-04-02
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr.Vijay Nambiar ဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်အခြေစိုက်တဲ့ လိုင်ဇာမြို့မှာ ကေအိုင်အို ဗဟိုကော်မတီဝင်တွေနဲ့ ဒီနေ့ သွားရောက်တွေ့ဆုံပြီး အပစ်အခတ်ရပ်စဲရေးကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
2014-04-02
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် က သမီးကလေးကျေးရွာ၊ အင်းမတီး နဲ့ ဒေါ်ကာလီကျေးရွာက ဒုက္ခသည်တွေကို ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA အဖွဲ့က ကရင်ပြည်နယ် ၊ သောင်ရင်းမြစ်နားက ကျောက်ခက်ကျေးရွာမှာ နေရာချထားပေးဖို့အတွက် ဒီနေ့မနက်ပိုင်းက ခေါ်ယူလာတဲ့ကားကို ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်က ဒုံသမိတံတားနားမှာ ကရင်ပြည်နယ်အစိုးရအဖွဲ့က ဆက်မသွားဖို့ တားဆီးခဲ့တယ် လို့ သိရပါတယ်။
2014-04-02
သမီးလေးကျေးရွာအပါအဝင် ပြောင်းရွှေ့ ခံရတဲ့ရွာတွေက ကျေးရွာသူ ရွာသား ၃ဝဝ ကျော်လောက်ကို နေထိုင်ခွင့်ပေးထားခဲ့တဲ့ ပဲခူး တိုင်းဒေသကြီး ပဲခူးမြို့နယ် အလံနီကျေးရွာက အောင်သိဒ္ဓိ ဘုန်းတော်ကြီး ကျောင်းကို မနေ့ကညပိုင်းက ပဲခူးမြို့နယ် ဆည်မြောင်းဦးစီးဌာနက အလံနီဆည်နယ်နိမိတ်အတွင်းမှာ ရှိတာကြောင့် ဖယ်ရှားပေးဖို့ အကြောင်းကြားခဲ့ပါတယ်။
2014-04-02
မြန်မာနိုင်ငံမှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနေတဲ့ အပေါ် ဂေါ်ရခါးလူမျိုးတွေအနေနဲ့ နီပေါ၊ နီပါလီဆိုပြီး မထည့်ကြဘဲ ဂေါ်ရခါးလူမျိုးလို့သာ ထည့်သွင်း ကြဖို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန် မာပြည်ဖွား ဂေါ်ရခါးလူငယ်များ အစည်းအရုံးက ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက်တစ်စောင်ထုတ်ပြန်ပြီး တိုက် တွန်းတောင်းဆိုလိုက်ပါတယ်။
2014-04-02
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်တွေမြို့မှာ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခနဲ့ ပတ်သက်လို့ ပြစ်မှုကျူးလွန်ခဲ့တဲ့သူတွေကို စုံစမ်းဖော်ထုတ်တာအပြင် သက်ဆိုင်ရာ ပြည်နယ်အစိုးရပိုင်းရဲ့ အားနည်းချက်တွေကိုပါ စိစစ်ဖော်ထုတ်သွားမယ်လို့ စစ်တွေပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်အကြီးအကဲက ဒီကနေ့ ပြောလိုက်ပါတယ်။
2014-04-02
ရခိုင်ပြည်နယ်က မွတ်စလင်တွေအနေနဲ့ ရိုဟင်ဂျာအမည်နဲ့ ဖြည့်သွင်းခွင့်မရတဲ့အတွက် သန်းခေါင် စာရင်းကောက်ယူမှုတွေကို သပိတ်မှောက်မယ်ဆိုရင် မိမိတို့ရဲ့ အခွင့်အရေးတွေသာ ဆုံးရှုံးနစ်နာမှာ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ပြောကြား ပါတယ်။
2014-04-01
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ငြိမ်းချမ်းရေးနိုဘဲဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်သီတင်းပတ် ဂျာမနီနိုင်ငံ ခရီးစဉ်အတွင်း ဂျာမနီ သမ္မတ ဂျော်ခင်ဂေါက် ( Joachim Gauck ) နဲ့ တွေ့ဆုံပြီး၊ နိုင်ငံတကာ ဝီလီဘရန့် ဆု ကို လက်ခံမှာဖြစ်ကြောင်း ဂျာမနီ သမ္မတရုံးက မနေ့က ပြောပါတယ်။
2014-04-01
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်၊ သမီးကလေးကျေးရွာကနေ စစ်တပ်ပိုင်မြေနဲ့ မလွတ်ကင်းလို့ဆိုပြီး ပြောင်းရွှေ့ခဲ့ရသူတွေထဲက အများစုဟာ DKBA ကရင်အမျိုးသားတပ်မတော်အခြေစိုက် မြဝတီခရိုင် ဆုံဆည်းမြိုင် ကျေးရွာမှာ ပြောင်းရွှေ့နေထိုင်ကြဖို့ သဘောတူညီလိုက်ပါတယ်။ RFA သတင်းထောက် မစန်းမော်အောင်က တင်ပြထားပါတယ်။
2014-04-01
ကရင်နီအမျိုးသား နှစ်သစ်ကူးနေ့ အခမ်းအနားကို ကယားပြည်နယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဒီမောဆိုမြို့မှာ မတ်လ ၃၁ ရက်၊ မနေ့က ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2014-04-01
သိမ်းဆည်းခံမြေတွေ ပြန်လည်ရရှိရေးအတွက် ရန်ကုန်မြို့မှာ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြတောင်းဆို နေကြသူတွေထဲက ကိုယ်စားလှယ်တွေကို ရန်ကုန်တိုင်းအစိုးရက ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ RFA ဝိုင်းတော်သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။