သန်ခေါင်းစာရင်းနဲ့ လူမျိုးရေးပြဿနာကိစ္စ ကိုမင်းကိုနိုင်နဲ့ မေးမြန်းချက်
2014.04.03
ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခ ပြသနာတွေကို အစိုးရအနေနဲ့ တရားမျှတစွာ ဖြေရှင်းကိုင်တွယ်ဖို့ လိုအပ်သလို ဒီပြသနာတွေကြောင့် နိုင်ငံမှာ အရေးကြီးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့ မူလလမ်းကြောင်းက သွေဖယ်မသွားဖို့လည်း လိုအပ်တယ်လို့ ၈၈ မျိူးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က တိုက်တွန်းလိုက်ပါတယ်။ ကိုမင်းကိုနိုင်ကို RFA အဖွဲ့သူ မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။