သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-02-06
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် အသတ်ခံရမှုမှာ ရခိုင်တပ်မတော် AA ဘက်က ကြိုတင်ကြံစည်လုပ်ဆောင်မှုတွေရှိခဲ့တယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၅ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်တာကို ရခိုင့်တပ်မတော် ဘက်က ငြင်းဆိုလိုက်ပါတယ်။
2018-02-06
မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပေါ်က လမ်းတံတားတချို့ကို ကေအိုင်အေက ဖျက်ဆီးခဲ့ တာကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ပြီး၊ ကုန်ဈေးနှုန်းတွေ မြင့်တက်နေတာနဲ့ ပတ်သက်တဲ့ အရေးကြီးအဆိုကို မနက်ဖြန် ကချင်ပြည်နယ်လွှတ်တော်မှာ တင်သွင်းမှာ ဖြစ်ပါတယ်။
2018-02-06
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးသောင်းထွန်း ဦးဆောင်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်၊ အိန္ဒိယ၊ စင်္ကာပူနိုင်ငံတွေက သံအမတ်ကြီးတွေဟာ မောင်တောမြို့နယ်က တောင်ပြိုလက်ဝဲ၊ ငခူရ ပြန်လည်လက်ခံရေး စခန်းတွေနဲ့ လှဖိုးခေါင်ကြားခံစခန်းကို ဒီနေ့ သွားရောက်လေ့လာခဲ့ကြပါတယ်။
2018-02-06
ရှမ်းပြည်နယ် နမ္မတူနဲ့ ကွတ်ခိုင်မြို့နယ်အစပ်မှာ အစိုးရတပ်မတော်နဲ့ တအာင်းလွတ်မြောက်ရေး တပ်မတော်တို့ တိုက်ပွဲဖြစ်နေတာကြောင့် ကွတ်ခိုင်မြို့နယ်က ဒေသခံ ၁၅၀ ကျော်ဟာ ဒီနေ့ မနက်ပိုင်းမှာ သိန်းနီမြို့နယ်က ကောင်းအိုင်ကျေးရွာအုပ်စုကို ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။
2018-02-05
ထိုင်းမြန်မာ နယ်စပ် - ကရင်ပြည်နယ် မြဝတီမြို့မှာ လောင်းကစားရုံတွေ၊ ဂိမ်းဆိုင်တွေ များလာနေပါတယ်။
2018-02-05
ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လက်ခံဖို့အတွက် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး မောင်တောခရိုင်မှာ အစိုးရက ပြင်ဆင်နေပါတယ်။
2018-02-05
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး ရှေ့နေဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရတာ တစ်နှစ်ပြည့်သွားပေမယ့် ဒီလုပ်ကြံမှုမှာ တရားခံတွေက ဘယ်သူတွေလဲ၊ နောက်ကွယ်က ဘယ်သူတွေ ပါသလဲ ဆိုတာကို ဒီနေ့အထိ ဖော်ထုတ်အရေးယူနိုင်တာ မရှိသေးပါဘူး။
2018-02-05
ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို စိတ်ခံစားမှုနဲ့ တုံ့ပြန်တာထက် တိုင်းရင်းသားတွေရဲ့ ရေရှည်အကျိုးစီးပွားကို ကြည့်ပြီး အသိဉာဏ်ပညာနဲ့သာ တုံ့ပြန်မယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဖေဖော်ဝါရီလ ၅ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။
2018-02-05
မြန်မာနိုင်ငံမှာ ဥပဒေမဲ့လုပ်ရပ်တွေ များလာနေပြီး ပြည်သူလူထုရဲ့ ဘဝလုံခြုံမှု ပိုအားနည်းလာနေတယ် လို့ ဥပဒေပညာရှင်တွေက ထောက်ပြကြပါတယ်။
2018-02-05
ကချင်ပြည်နယ် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းပေါ်က တံတားနှစ်စင်းကို ကေအိုင်အေက ဖျက်ဆီးတာနဲ့ လီဆူတိုင်းရင်းသား ၂၁ ယောက်ကို အဓမ္မဖမ်းဆီးသွားတာကို ကန့်ကွက်ကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ဒီကနေ့ညနေမှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2018-02-05
ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်မြို့နယ်မှာ ပြုလုပ်မယ့် ကျောက်မီးသွေး စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေ သဘောတူလက်ခံမှ ဆောင်ရွက်ဖို့နဲ့ စီမံကိန်းကို ပွင့်လင်းမြင်သာစွာ ချပြဖို့ စီမံကိန်းဆောင်ရွက်မယ့် ကုမ္ပဏီ တာဝန်ရှိသူတွေကို လွှတ်တော် ကိုယ်စားလှယ်တွေက ဒီနေ့ တိုက်တွန်းခဲ့ပါတယ်။
2018-02-05
တနင်္သာရီတိုင်းအတွင်းမှာ ဆောင်ရွက်နေတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး လွှတ်တော်ကို တင်ပြဖို့ လို မလို တိုင်းအစိုးရနဲ့ တိုင်းလွှတ်တော်ကြား အငြင်းပွားမှု ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး လိုအပ်လာရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးကို တင်ပြပြီး အဆုံးအဖြတ် ခံယူသွားမယ်လို့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်အေးက ဒီနေ့ ပြောပါတယ်။
2018-02-05
ပြည်တွင်းစစ်ဖြစ်ပွားနေချိန်မှာ NLD အစိုးရအနေနဲ့ ရေငုံနှုတ်ဆိတ်နေတာဟာ ပြည်တွင်းစစ်ကို ပိုမိုတွန်းအားပေးနေသလို ဖြစ်နေကြောင်း စစ်ဘေးသင့်ပြည်သူများအား အရေးပေါ် ကယ်ဆယ် ကူူညီရေးကော်မတီ က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2018-02-05
ကချင်ပြည်နယ် လွှတ်တော်ရုံးကနေတဆင့် ပြည်သူတွေ တင်ပြလာတဲ့ တိုင်ကြားစာတွေကို ကချင်ပြည်နယ် အစိုးရအဖွဲ့က ဖြေရှင်းဆောင်ရွက်ပေးမှု အားနည်းကြောင်း ပူတာအိုမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်ရဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးဒိန်ခန်ဖုန်က ဒီကနေ့ ပြည်နယ်လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။
2018-02-05
ရိုဟင်ဂျာ အသုံးအနှုန်းအပေါ် အမျိုးသားအကျိုးစီးပွား၊ တိုင်းရင်းသားလူမျိုးအားလုံးရဲ့ ရေရှည်အကျိုး စီးပွားအတွက် ရှေးရှုပြီး စိတ်ခံစားချက်နဲ့ စကားလုံးတစ်လုံးချင်းဆီနဲ့ တုံ့ပြန်ခြင်းထက် လုပ်ထုံးလုပ် နည်းဥပဒေတွေနဲ့အညီ တည်တည်ငြိမ်ငြိမ် ဂုဏ်သိက္ခာရှိရှိ ထိရောက်တဲ့ တုံ့ပြန်မှုတွေနဲ့ ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။