သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-10-09
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့က တပ်ကြပ်ဝင်းထိုက်(ခေါ်)ဖိုးလုံး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့ကိစ္စနဲ့ ဆက်နွယ်ပြီး ရဲတပ်ဖွဲ့က ဒေသခံ ၅ ဦးကို ဖမ်းဆီးစစ်ဆေးနေ သလို နောက်ထပ် ကျောင်းသားတစ်ဦးဖြစ်တဲ့ ကိုအောင်ဇော်လင်းကို စစ်တွေမြို့မှာ ဒီနေ့ ဖမ်းဆီးလိုက်ပါတယ်။
2018-10-09
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီး တရုတ်နည်းပညာနဲ့ တည်ဆောက်နေတဲ့ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံစီမံကိန်းကို ကန့်ကွက်ကြောင်း ဒေသခံ ၂၀ နီးပါးက ဒီနေ့ ရန်ကုန်မြို့မှာ ဆန္ဒပြကြပါတယ်။
2018-10-09
ဥပဒေနဲ့ ဆန့်ကျင်သူတွေထဲမှာပါဝင်ခဲ့မှုနဲ့ ထောင်ဒဏ် ၈ လ အမိန့်ချမှတ်ခံခဲ့ရတဲ့ မြောက်ဦးမြို့နယ် က ဒေသခံ ၈ ဦးကို ရဲက နိုင်ငံတော်အလံဥပဒေနဲ့ ထပ်မံဖမ်းဆီးတရားစွဲဆိုတာကို မြောက်ဦး မြို့နယ် တရားရုံးက ဒီနေ့ ပယ်ချလိုက်ပါတယ်။
2018-10-08
ရခိုင်ပြည်နယ် ပြဿနာဖြေရှင်းရေးမှာ မြန်မာအစိုးရရဲ့ နားလည်မှုစာချွန်လွှာ အရေးကြီးတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ပြောပါတယ်။
2018-10-08
မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ငြိမ်းချမ်းရေးနိုဘယ်ဆုက ဖြေရှင်းမပေးနိုင်ဘူးလို့ တရုတ်အစိုးရအာဘော် Global Times သတင်းစာ ခေါင်းကြီးပိုင်းက ရေးသား ဖော်ပြခဲ့ပါတယ်။
2018-10-08
ကချင်ပြည်နယ် ဖားကန့်မြို့နယ်က မှော်ဝမ်းလေးအရပ်မှာ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီနဲ့ ရေမဆေးကျောက် ရှာသူတွေအကြား အခုရက်ပိုင်းအတွင်း ပဋိပက္ခ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2018-10-08
ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်အရေးနဲ့ ပတ်သက်ပြီး အစိုးရက ကိုင်တွယ် လုပ်ဆောင်နေတာတွေကို ပိုမိုပြီး ပွင့်လင်းမြင်သာမှုရှိအောင် လုပ်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကတိပေး ပြောကြားလိုက်ပါတယ်။
2018-10-08
အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ကို ပြန်ပို့လိုက်တဲ့ ရိုဟင်ဂျာမွတ်စလင် ၇ ဦး ကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတချို့က စိုးရိမ်ပူပန်နေပါတယ်။
2018-10-08
မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ ဒီနှစ်မှာ သုည ဒဿမ ၅ ရာခိုင်နှုန်း လျော့ကျခဲ့တဲ့အပြင် လာမယ့် ၃ နှစ်အတွက် စီပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း လျော့ကျနေဦးမယ်လို့ ကမ္ဘာ့ဘဏ်က ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2018-10-08
ရန်ကုန်တိုင်းအစိုးရက ငွေကျပ်ငါးဘီလီယံဖိုး ကျောင်းကားအစီးရေ ၂ဝဝ ဝယ်ယူထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တိုင်းလွှတ်တော်မှာ အငြင်းပွားပြီးနောက် ရွှေသံလွင်ကုမ္ပဏီ ဦးကျော်ဝင်း ဦးဆောင်တဲ့ အများပိုင်ကုမ္ပဏီက အဲဒီကျောင်းကားတွေကို ပြန်ပြီး ဝယ်ယူသွားမယ်လို့ မနေ့က ပြောလိုက်ပါတယ်။
2018-10-08
နိုင်ငံတော် သမ္မတရုံးက ဖွဲ့စည်းထားတဲ့ "ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်" ဟာ ရခိုင်ပြည်နယ်က အကြမ်းဖက်တိုက်ခိုက်မှုတွေနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ ဆပ်ကော်မတီတခု ထူထောင်ပြီး လုပ်ငန်းတွေ စတင်နေပြီလို့ သတင်းထုတ်ပြန်လိုက်ပါတယ်။
2018-10-08
TNLA တအာင်းပလောင် လွတ်မြောက်ရေးတပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားတာ ၂ လနီးပါး ကြာနေပြီ ဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့က နန်းမိုဟွမ်ကို ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်ပြီလို့ TNLA ပြောခွင့်ရသူ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောပါတယ်။
2018-10-08
ဖိလစ်ပိုင် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် တိုက်ခိုက်ခံရမှုတွေ နောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်တဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ အတွက် ဆပ်ကော်မတီတစ်ခု ထူထောင်ပြီး ကနဦးလုပ်ငန်းတွေ စတင်လုပ်ဆောင်နေပြီလို့ ဒီနေ့ အစိုးရသတင်းစာတွေမှာ သတင်းထုတ်ပြန်ပါတယ်။
2018-10-08
မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ လာမယ့် ၃ နှစ်အတွက် စီပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း လျော့ကျနေဦးမှာ ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2018-10-08
မြန်မာနိုင်ငံ ဒေသအသီးသီးက စပါးတွေကို တရုတ်နိုင်ငံကို မှောင်ခိုလမ်းကြောင်းကနေ တင်ပို့ရောင်းချနေတာတွေရှိတဲ့အတွက် နယ်စပ်ဂိတ်တွေမှာ စီးပွားကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနဲ့ အကောက်ခွန်ဌာနတို့က ကွင်းဆင်းစစ်ဆေးနေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။