မြန်မာ့စီးပွားရေးဖံ့ွဖြိုးမှုနှုန်း လျော့ကျဦးမယ်လို့ ကမ္ဘာ့ဘဏ် ကြေညာချက်ထုတ်


2018.10.08
factory-workers-622.jpg အထည်ချုပ်စက်ရုံတစ်ရုံကို တွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ လာမယ့် ၃ နှစ်အတွက် စီပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း လျော့ကျနေဦးမှာ ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာလ ၄ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ ၂၀၁၈- ၂၀၁၉ ခုနှစ်မှာ ဝ. ၅ ရာခိုင်နှုန်း လျော့ကျသွားပြီး ၆.၂ ရာခိုင်နှုန်းသာ ရှိကြောင်း ဖော်ပြထားတာကို တွေ့ရပါတယ်။

အခုလို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း ကျသွားတာဟာ ရခိုင်ပြည်နယ် အရေးကိစ္စအပါအဝင် သဘာဝဘေးဒဏ်တွေ နဲ့ ငွေကြေးဖောင်းပွမှုတွေကြောင့်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် ရန်ကုန်ရုံး ဆက်သွယ်ရေးအရာရှိ ဦးကျော်စိုးလင်း က ပြောပါတယ်။

ကမ္ဘာ့ဘဏ်ဟာ အရှေ့အာရှနဲ့ ပစိဖစ်ဒေသတွင်းမှာရှိတဲ့ နိုင်ငံတွေရဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီး ဧပြီလနဲ့ အောက်တိုဘာလတွေမှာ တစ်နှစ်ကို ၂ ကြိမ် အစီရင်ခံစာတွေ ထုတ်ပြန်လေ့ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။