ရန်ကုန်တိုင်းအစိုးရရဲ့ ကျပ်ငွေငါးဘီလီယံဖိုး ကျောင်းကားတွေကိစ္စ
2018.10.08
ရန်ကုန်တိုင်းအစိုးရက ငွေကျပ်ငါးဘီလီယံဖိုး ကျောင်းကားအစီးရေ ၂ဝဝ ဝယ်ယူထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တိုင်းလွှတ်တော်မှာ အငြင်းပွားပြီးနောက် ရွှေသံလွင်ကုမ္ပဏီ ဦးကျော်ဝင်း ဦးဆောင်တဲ့ အများပိုင်ကုမ္ပဏီက အဲဒီကျောင်းကားတွေကို ပြန်ပြီး ဝယ်ယူသွားမယ်လို့ မနေ့က ပြောလိုက်ပါတယ်။
တိုင်းအစိုးရနဲ့ ကျောင်းကားဝယ်ယူဖို့ တည်ထောင်မယ့် အများပိုင်ကုမ္ပဏီအကြား ဘယ်လိုအကျိုးစီးပွားတွေ ရှိနိုင်မလဲဆိုတဲ့အပေါ် RFA သတင်းထောက် ကျော်လွင်ဦး စုစည်းတင်ပြထားပါတယ်။