သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-10-04
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းတွေကို အစိုးရက သွားလာခွင့် ကန့်သတ်ထားတဲ့အတွက် အကူအညီပေးပို့နိုင်တဲ့ ပမာဏနဲ့ အရည်အသွေးတွေ ထိခိုက်နေတယ်လို့ UNOCHA က မနေ့က ထုတ်ပြန်ထားပါတယ်။
2017-10-04
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ပြည်တွင်း ပြည်ပ သတင်းမီဒီယာတွေမှာ ဖြစ်စဉ်မှန်တွေကို ပိုမိုထိရောက်စွာ ဖော်ပြနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က သတင်းမီဒီယာ အဖွဲ့ အစည်းတွေနဲ့ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2017-10-04
ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ငန်းအကောင် အထည်မဖော်ဘဲ မြေဈေးကစားတာတွေ၊ လုပ်ငန်း မလုပ်တာတွေကြောင့် နိုင်ငံတော်ကရရှိမယ့် အခွန်တွေ ဆုံးရူံးတာတွေ ရှိနေတဲ့အတွက် လုပ်ပိုင်ခွင့်ရယူထားပြီး လုပ်ငန်းလုပ်ကိုင်ခြင်း မရှိတဲ့ မြေကွက်တွေကို ပြန်လည်စိစစ်ပြီး သိမ်းဆည်းပေးဖို့ တိုက်တွန်းကြောင်းအဆိုကို မင်္ဂလာတောင်ညွန့်မြို့နယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။
2017-10-04
တိုင်းရင်းသားစာပေတွေ သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေကို ပညာရေးဝန်ကြီးဌာနရဲ့ နေ့စားလပေးဝန်ထမ်းတွေအဖြစ် ခန့်အပ်ဖို့ ပညာရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းနေတယ်လို့ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင် က ပြောပါတယ်။
2017-10-04
မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ အနည်းဆုံးလုပ်ခလစာ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေးကနေ အလုပ်သမားတစ်ယောက်ရဲ့ အနည်းဆုံးလုပ်ခလစာအဖြစ် တစ်ရက်ကို ငွေကျပ် ၄ထောင်ကနေ ၄၈၀၀ ကြား သတ်မှတ်ဖို့ အကြမ်းဖျင်းလျာထားဆုံးဖြတ်ခဲ့ပါတယ်။
2017-10-03
ရခိုင်ပြည်နယ် မောင်တောဒေသမှာ အစွန်းရောက်အကြမ်းဖက်သမားတွေက အကြီးစားဖောက်ခွဲမှု တိုက်ခိုက်မှုတွေ လုပ်လာနိုင်တယ်ဆိုတဲ့ သတင်းတွေရရှိထားတယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက မနေ့က ပြောကြားလိုက်ပါတယ်။
2017-10-03
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေနဲ့ ဖိအားပေးမှုတွေ လျော့ကျလာအောင် အစိုးရအနေနဲ့ ဘယ်လိုဆောင်ရွက်သင့်ပါသလဲ ဆိုတဲ့ အမြင်နဲ့ သုံးသပ်ချက်တွေကို မသင်းသီရိ စုစည်းတင်ပြထားပါတယ်။
2017-10-03
ဒီမိုကရေစီ နုနယ်သေးပေမယ့် စိန်ခေါ်ချက်ပြဿနာမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံကို ဆက်လက် ရှင်သန်နိုင်မယ့် အခွင့်အလမ်းပေးဖို့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး ဦးသောင်းထွန်း က ပြောပါတယ်။
2017-10-03
ဘင်္ဂလားဒေ့ရှ်ကို မြန်မာနိုင်ငံဘက်ကနေ ထွက်ပြေးသွားတယ်ဆိုသူတွေထဲမှာ ၂၀၁၆ ခုနှစ် က ရောက်သွားတဲ့သူတွေကိုပဲ ပြန်ခေါ်ဖို့စဉ်းစားမယ်လို့ မြန်မာကိုယ်စားလှယ်ဘက်က ပြောဆိုတဲ့ အကြောင်း နှစ်နိုင်ငံကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးပွဲတက်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်အရာရှိ တစ်ဦးက AFP သတင်းဌာနကိုပြောပါတယ်။
2017-10-03
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွေထဲမှာ ARSA ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့ကဝင်ပြီး စည်းရုံး နေတာရှိတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်လို့ သိရှိဖေါ်ထုတ်နိုင်ဖို့ ဘင်္ဂလားဒေ့ရှ်က ရဲထောက်လှမ်းရေးတွေကို လျှို့ဝှက်တာဝန်ပေးထားတယ်လို့ AFP သတင်းတစ်ပုဒ်မှာ ဖေါ်ပြထား ပါတယ်။
2017-10-03
ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ပိုင်ခွင့်ရယူထားပြီး လုပ်ငန်းအကောင်အထည်မဖော်သေး တဲ့ မြေကွက်တွေကို အစိုးရအနေနဲ့ ပြန်လည်စိစစ်ပြီး သိမ်းဆည်းပေးဖို့ တိုက်တွန်းကြောင်းအဆိုကို မင်္ဂလာတောင်ညွန့်မြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။
2017-10-03
ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဗဟိုကော်မတီဝင်တွေဖြစ်ကြတဲ့ အမ်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဌေးနဲ့ ရမ်းဗြဲမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦး တို့ဟာ ပါတီကနေနှုတ်ထွက်ကြောင်း နှုတ်ထွက်စာတွေ အသီးသီးတင် လိုက်ပါတယ်။
2017-10-03
အစိုးရကျောင်းတွေမှာ တိုင်းရင်းသားစာပေတွေ သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေကို ပညာရေးဝန်ကြီးဌာနရဲ့ နေ့စားလပေး အစိုးရဝန်ထမ်းအဖြစ် ခန့်အပ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
2017-10-03
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသမှာ ပြီးခဲ့တဲ့တစ်နှစ်လောက်က နယ်ခြားစောင့်တပ်နဲ့ DKBA ခွဲထွက်အဖွဲ့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ အတွက် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ စစ်ဘေး ဒုက္ခသည်တွေဟာ တစ်နှစ်ကျော်ကြာတဲ့ အထိ နေရပ်မပြန်နိုင်သေးဘဲ ဖြစ်နေပါတယ်။
2017-10-03
အနည်းဆုံးလုပ်ခလစာကို တိုင်းနဲ့ပြည်နယ်အလိုက် လုပ်ငန်းအမျိုးအစားအလိုက် မခွဲခြားဘဲ ကျပ်လေးထောင်ကနေ ၄၈ဝဝ ကြား သတ်မှတ်ဖို့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ တိုင်းနဲ့ပြည်နယ်ကော်မတီတွေရဲ့ ဆွေးနွေးပွဲကနေ ဆုံးဖြတ်ခဲ့ပါတယ်။