သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-06-02
နယ်စပ်မှာ တရုတ်ကို တင်ပို့မယ့် ဆန်အရောင်းအဝယ်တွေ ရပ်ဆိုင်းလုနီးပါးဖြစ်နေတယ်လို့ ဆန်ကုန်သည်တွေက ပြောပါတယ်။
2019-06-02
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ဆင်သီကျေးရွာသား ရာအိမ်မှူး နှစ်ယောက်ကို မနေ့က တပ်မတော်က လမ်းပြအဖြစ် ခေါ်ဆောင်သွားပြီး ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။
2019-06-02
ရခိုင်အမျိုးသားပါတီ ANP ရဲ့ မေလ ၃၀ နဲ့ ၃၁ ရက်နေ့တွေက စစ်တွေမြို့မှာကျင်းပတဲ့ ဒုတိယ အကြိမ်မြောက်ညီလာခံကနေ ပါတီမူဝါဒရေးရာဦးဆောင်ကော်မတီကို ပါတီတွင်းဝါရင့်နိုင်ငံရေး သမားတွေနဲ့ ဖွဲ့စည်းလိုက်ပါတယ်။
2019-06-01
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဆင်သီကျေးရွာက ဒေသခံ နှစ်ဦးကို တပ်မတော်က လမ်းပြအဖြစ် ခေါ်ဆောင်သွားကြောင်း ဒေသခံတွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။
2019-06-01
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ ချက်နိုင်ငံ ပရာ့ဂ်မြို့ကို စနေနေ့က ရောက်ရှိသွားပါတယ်။
2019-06-01
မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ Myanmar Robo League စက်ရုပ်ပြိုင်ပွဲကို ရန်ကုန်မြို့ သိမ်ဖြူ အားကစားကွင်းမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2019-06-01
၂ဝ၁၉ ဇွန် ၁ ရက်နေ့ RFA စကားဝိုင်း အစီအစဉ်မှာ " အမျိုးသားရေးလှုပ်ရှားမှုနဲ့ တရားဥပဒေစိုးမိုးရေး " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2019-06-01
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် ပါရမီလမ်းနဲ့ သံသုမာလမ်းထောင့်က တပ်မြို့စည်ပင်ပိုင် တပ်မတော်မြေနေရာမှာ ဆောက်လုပ်ထားတဲ့စက်ရုံ နှစ်ရုံ နဲ့ ဆိုင်ခန်း ၁၃ ခန်းကို ဒီကနေ့ မနက်ကစပြီး အင်အားသုံး ဖယ်ရှားခိုင်းခဲ့ပါတယ်။
2019-06-01
မန္တလေးတိုင်း ရမည်းသင်းမြို့နယ်က မိုးထိမိုးမိဒေသမှာ ရွှေတူးဖော်ခဲ့တဲ့ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန် အပါအဝင် ငါးဦးကို ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။
2019-06-01
NSCN-K နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ဌာနချုပ်ကို အစိုးရတပ်မတော်က သိမ်းပိုက်တပ်စွဲထားရာမှာ မေလ ၂၉ ရက်နေ့က တပ်တွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ တပ်မတော်အရာရှိတစ်ဦး သေနတ်ကျည်ထိမှန်ပြီး ကျဆုံးခဲ့ပါတယ်။
2019-06-01
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာက ဖမ်းဆီးထားတဲ့ ရွာသား ၂၄ ဦးကို အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ၁၉၄၉ လက်နက်ဥပဒေတွေနဲ့ အမှုဖွင့် တရားစွဲလိုက်ပါတယ်။
2019-06-01
ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပင်ကပ်ချောင်းအုပ်စု ချောင်းကြီး ကျေးရွာအနီးက စစ်တွေ-ရန်ကုန် ကားလမ်းမပေါ်မှာ ခရီးသည်တင်ကားတစ်စီး မေ ၃၁ ရက်နေ့ မနေ့ညနေပိုင်းက မိုင်းထိမှန်ခဲ့ပါတယ်။
2019-06-01
လီဆူတိုင်းရင်းသားတွေကို KIA အဖွဲ့က ဖမ်းဆီးသတ်ဖြတ်တာတွေကို ဆန့်ကျင်ရှုတ်ချတဲ့ ဆန္ဒပြပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) က ဇွန်လ သုံးရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။
2019-06-01
ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုနဲ့ ပြည်နယ်စီမံဘဏ္ဍာဝန်ကြီးတို့ကို နိုင်ငံရေး ရာဇဝတ်ကောင်တွေ၊ ကရင်နီအမျိုးသား သစ္စာဖောက်တွေအဖြစ် ထုတ်ပြန်ခဲ့တဲ့ ကရင်နီလူငယ် ခြောက်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဝရမ်း ထုတ်ထားပြီး တွေ့ရှိတယ်ဆိုရင် နီးစပ်ရာရဲစခန်းကို အကြောင်းကြားဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က မနေ့ကညနေမှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2019-06-01
ဆရာတော် ဦးဝီရသူအတွက် ဆုတောင်းသူတွေကို အရေးယူမယ်လို့ အစိုးရက ပြောကြားလိုက်ပြီးနောက် အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေက ရန်ကုန်မြို့ ရွှေတိဂုံဘုရားမှာ ဦးဝီရသူ ဘေးကင်းရေး ဒုတိယအကြိမ်မြောက် ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။