သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-06-06
ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့အခြေစိုက် ခမရ ၅၉၁ တပ်ကို ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်က တပ်ရင်းနှစ် ရင်းနဲ့ ဝိုင်းထားပြီး အစိုးရနဲ့ညှိနှိုင်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
2015-06-06
ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေ ကို စားဝတ်နေရေးအကူအညီပေးနေ တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက သူတို့ရဲ့ထောက်ပံ့မှုတွေ ထက်ဝက်နီးပါး လျှော့ချတော့ မှာဖြစ်လို့ အများပြည်သူ ပါဝင်လှူဒါန်းကြဖို့ကို ကချင် အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ဒီနေ့ တိုက်တွန်း လိုက်ပါတယ်။
2015-06-06
လက်ပံတန်းကျောင်းသားသပိတ်ဖြိုခွဲရာမှာ ရိုက်နှက်ခံရတဲ့ဒဏ်ကြောင့် ရန်ကုန်ပြည် သူ့ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြောဌာနမှာရောက်နေတဲ့ သပိတ်ဝန်းရံသူ ကိုတင်ဝင်းကို မနေ့ကမနက်ပိုင်းက ခွဲစိပ် ကုသတဲ့အခါ အောင်မြင်သွားတယ်လို့ သိရပါတယ်။
2015-06-06
စင်ကာပူနိုင်ငံကို အိမ်ဖော်အလုပ်နဲ့ သွားမယ့် အမျိုးသမီး ၅ဝဝ လောက် ကို မြန်မာအာဏာပိုင်တွေက တားမြစ် ထားတယ်လို့ စင်ကာပူအခြေစိုက် အလုပ်သမားရှာဖွေ စုဆောင်းရေး လုပ်ငန်းရှင်တွေက ပြောလိုက်ပါတယ်။
2015-06-06
NNER ပညာရေးစနစ်ပြုပြင်ပြောင်း လဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်၊ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းနဲ့ ဗကသအထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်တို့ကို ၂ဝ၁၅ ခုနှစ် အတွက် ပြည်သူ့ဂုဏ်ရည်ဆုရှင်လောင်းတွေ အဖြစ် လျာထားပြီး မနက်ဖြန်ကျင်းပမယ့် အခမ်းအနားမှာ ဆုရှင်ကို အပြီးသတ်ရွေးချယ်ဂုဏ်ပြုကြေညာမှာ ဖြစ်ပါတယ်။
2015-06-05
လှေစီးဒုက္ခသည်တွေနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ရေးရာဝန်ကြီး ရဲ့ပြောဆိုချက်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာန က မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းကို မနေ့က ဆင့်ခေါ် သတိပေးခဲ့တယ်လို့ ဒါကာမြို့ကလာတဲ့ BDnews သတင်း တစ်ပုဒ်မှာ ရေးသားထားပါတယ်။
2015-06-05
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ကုမ္ပဏီလုပ်ကွက်တွေရဲ့ စွန့်ပစ်မြေစာပုံတွေ မကြာခဏ ပြိုကျတဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။
2015-06-05
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တဝိုက်က တောင်ကုန်းတောင်တန်းတွေမှာ ပျက်စီးယိုယွင်းနေတဲ့ ရှေးဟောင်းဘုရားစေတီ အတော်များများရှိနေပြီး ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်နေပါတယ်။
2015-06-05
ရှမ်းပြည်နယ် ဟိုပုံးမြို့က ထမ်းဆန်း သဘာဝလိုဏ်ဂူဟာ အရင်က အမဲရောင်နယ်မြေအဖြစ် သတ်မှတ်ထားခဲ့ပေမယ့် အခုဆိုရင် “ဟိုပုံးကိုရင်လေး”လို့ လူသိများတဲ့ “ကိုရင်ရှင်ပေါရိသ” ရဲ့ သာသနာ ပြုလုပ်ငန်းကြောင့်ပြည်တွင်းပြည်ပ ခရီးသွားတွေ အလည်အပတ်များလာပြီ ဖြစ်ပါတယ်။
2015-06-05
အပတ်စဉ် သောကြာနေ့တိုင်း ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ကို ထုတ်လွှင့်မှာပါ။ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းတွေကို အခြေခံပြီး RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2015-06-05
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ လာမယ့် ဇွန်လ ၁ဝ ရက်နေ့မှာ ပထမ ဆုံးအကြိမ် တရုတ်နိုင်ငံကို သွားရောက်မှာဖြစ်ပြီး တရုတ်သမ္မတ Xi Jinping နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
2015-06-05
ရှမ်းပြည်အရှေ့ပိုင်း ပုံပါကျင်နဲ့ မိုင်းတုံ မြို့နယ်ကြားမှာရှိတဲ့ မုတ်ဆိပ်သစ်တော ကြိုးဝိုင်းမှာ သစ်ခုတ်သူ ၆ ဦးကို မိုင်းတုံမြို့ အခြေစိုက် ခမရ ၅၉၁ တပ်က ဖမ်းဆီးလိုက်တာကြောင့် "ဝ" ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA နဲ့ နှစ်ဖက်တင်းမာမှုတွေ ဖြစ်ပေါ်နေပါတယ်။
2015-06-05
လှေစီးဒုက္ခသည်များကို မောင်းတော မြို့နယ်အတွင်း စခန်းဖွင့်ထားရှိခြင်း ဟာ ဒေသလုံခြုံရေးကို ထိခိုက် နိုင်ကြောင်း မောင်းတောနဲ့ ဘူးသီးတောင်ဒေသရှိ လူမူရေးကွန်ရက်များက ကြေညာချက် ထုတ်ပြန်ကန့်ကွက် လိုက်ပါတယ်။
2015-06-05
၂ဝ၁၅ ရွေးကောက်ပွဲအတွက် ရခိုင်ပြည် နယ် တောင်ကုတ်နဲ့ မြေပုံမြို့နယ်တွေကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရခိုင်အမျိုးသားပါတီ က ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်လိုက်ကြပါတယ်။
2015-06-05
ရန်ကုန်မြို့ မဟာသန္တိသုခကျောင်းတိုက် ပိုင်ဆိုင်မှု အငြင်းပွားရာမှာ အာဂန္တု သံဃာတော် ငါးပါးကို တရားစွဲဆိုတာဟာ အာဃာတတွေပါနေကြောင်း တရားစွဲခံထားရတဲ့ လန်ဒန် ဆရာတော် ဦးဥတ္တရက သတင်းစာရှင်းလင်းပွဲမှာ မိန့်ပါတယ်။