သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-02-07
ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် RCSS/ SSA နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ ဒီကနေ့ မနက်က ရှမ်းပြည်နယ် ၊ နမ့်စန်မြို့နယ်နဲ့ ကျောက်မဲမြို့နယ်ကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA က ပြောပါတယ်။
2018-02-07
ရခိုင်ပြည်နယ်မှာရှိတဲ့ မသန်စွမ်းသူ ၃ ရာခိုင်နှုန်းလောက်သာ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းတွေ တက်ရောက်ခွင့်ရရှိကြပြီး ၁၅ ရာခိုင်နှုန်းလောက်ဟာ အစာရေစာ ပြတ်လပ်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြ ရတယ်လို့ ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) ရဲ့ ဥက္ကဌ ဦးမြတ်သူဝင်း က ဒီနေ့ ပြောပါတယ်။
2018-02-07
မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းက ပညာရှင်တွေ ပါဝင်တဲ့အဖွဲ့က ပုပ္ပါးတောင် မြေပြိုမှုကို မနက်ဖြန်ကစပြီး ကွင်းဆင်း စစ်ဆေးမှာ ဖြစ်ပါတယ်။
2018-02-07
ကရင်ပြည်နယ် မြဝတီမြို့က မြန်မာ-ထိုင်းနယ်စပ်မှာရှိတဲ့ ချစ်ကြည်ရေး တံတားကို ဖောက်ခွဲမယ်ဆိုပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့နေတာကြောင့် မနေ့ကစပြီး တံတားမှာ လုံခြုံရေး တိုးမြှင့်ချထားတယ်လို့ မြဝတီခရိုင် ရဲတပ်ဖွဲ့မှူးက ဒီနေ့ ပြောပါတယ်။
2018-02-07
ကရင်ပြည်နယ် ဘားအံမြို့မှာ ကျင်းပမယ့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှှု ပွဲတော်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်နိုင်တော့ကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ဒီနေ့ ပြောပါတယ်။
2018-02-06
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာမှာ ရုပ်အလောင်းတွေကို အစုလိုက် အပြုံလိုက်မြှုပ်နှံထားတဲ့ နေရာ ၅ ခု လောက်ရှိတယ်လို့ AP သတင်းဌာနရဲ့ ဖော်ပြချက်ဟာ မှားယွင်းတဲ့အတွက် ပြည်နယ်အစိုးရက AP သတင်းဌာနကို တရားစွဲမယ်လို့ ပြောပါတယ်။
2018-02-06
ကွတ်ခိုင်မြို့နယ်အတွင်း မနေ့က ဖြစ်ပွားတဲ့ TNLA တအန်းပလောင်တပ်ဖွဲ့နဲ့ အစိုးရတပ်မတော် တို့ ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ထွက်ပြေး လာတဲ့ ဒေသခံ ရွာသူရွာသားတွေဟာ နီးစပ်ရာ ရွာတွေက ဆွေးမျိုးများအိမ်မှာ ခိုလှုံလျက်ရှိပါတယ်။
2018-02-06
မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းပေါ်က လမ်းတံတားအချို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ကေအိုင်အေ က ဖျက်ဆီးခဲ့တာကြောင့် သွားလာရေးခက်ခဲပြီး ကုန်ဈေးနှုန်းတွေ တက်နေတဲ့ အခြေအနေတွေကို မနက်ဖြန် ကချင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ အရေးကြီးအဆိုအဖြစ် တင်သွင်းဆွေးနွေးမှာဖြစ်ပါတယ်။
2018-02-06
မြောက်ဦး အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် အသတ်ခံရတာဟာ ရက္ခိုင့်တပ်မတော် AA က ကြိုတင်ကြံစည်တာဖြစ်ပြီး၊ အဲဒီလို ဆောင်ရွက်ပေးတဲ့သူဟာ မူးယစ်ဆေးရောင်းလို့ရတဲ့ ငွေနဲ့ AA အဖွဲ့ကို လက်နက်ထောက်ပံ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဖေ့စ်ဘွတ်မှာ မနေ့က ဖေါ်ပြခဲ့ပါတယ်။
2018-02-06
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် အသတ်ခံရမှုမှာ ရခိုင်တပ်မတော် AA ဘက်က ကြိုတင်ကြံစည်လုပ်ဆောင်မှုတွေရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၅ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
2018-02-06
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက စာရာမေတိတောင်ကို သွားရောက်လေ့လာတဲ့ စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားလှယ်တချို့နဲ့ တိုင်းအစိုးရတာဝန်ရှိသူတချို့ ပါဝင်တဲ့အဖွဲ့ကို ဒေသခံတွေက မသော်ရီကျေးရွာအနီးမှာ မနေ့က တားဆီးခဲ့ကြပါတယ်။
2018-02-06
ရိုက်တားသတင်းထောက်နှစ်ယောက်ကို မနှစ်က ဒီဇင်ဘာလမှာ ဖမ်းဆီးချိန်က ရေးမှတ်ထားတဲ့ မှတ်တမ်းတွေကို မီးရှို့လိုက်ပြီလို့ တရားလိုပြသက်သေ ရဲအရာရှိက တရားရုံးမှာ မနေ့က ထွက်ဆိုပေမဲ့ ဘာအကြောင်းကြောင့် မီးရှို့ဖျက်ဆီးလိုက်သလဲဆိုတာကိုတော့ မပြောကြားပါဘူး၊ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို နိုင်ငံတော်လျှို့ဝှက်ဥပဒေနဲ့ စွဲချက်တင်သင့် မတင်သင့် ဆုံးဖြတ်မယ့် ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်တရားရုံးမှာ ဒုရဲအုပ် တင်ထွေးဦးက အဲဒီလို သက်သေထွက်ဆိုသွားတာပါ။
2018-02-06
ထိုင်း နိုင်ငံခြားရေးဝန်ကြီးဟောင်း Surakiart Sathirathai ဆူယာကီယတ် ဆာသီယာထိုင်း ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ ကိုဖီအာနန် တင်ပြချက် အကောင်အထည်ဖေါ်ရေး အကြံပေးအဖွဲ့ကို စင်္ကာပူမှာ မနေ့ကကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး က ထောက်ခံလိုက်ပါတယ်။
2018-02-06
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စာရာမေတိတောင်အနီးကို သွားရောက်ခဲ့တဲ့ စစ်ကိုင်းတိုင်း လွှတ်တော်ကိုယ်စားလှယ်တချို့နဲ့ တိုင်းအစိုးရတာဝန်ရှိသူတချို့ကို မသော်ရီကျေးရွာအနီးမှာ ဆက်မသွားဖို့ ဒေသခံတွေက မနေ့က တားဆီးကန့်ကွက်ခဲ့ကြပါတယ်။
2018-02-06
နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံး က သူတို့အမှုကို တရားမျှမျှတတ စစ်ဆေးပြီး ရုံးတော်တင်ပြတာမရှိကြောင်း ဒီနေ့ ပြောပါတယ်။