စာရာမေတိတောင် သွားတဲ့အဖွဲ့ကို ဒေသခံတွေ ကန့်ကွက်တဲ့အကြောင်း မေးမြန်းချက်


2018.02.06

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက စာရာမေတိတောင်ကို သွားရောက်လေ့လာတဲ့ စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားလှယ်တချို့နဲ့ တိုင်းအစိုးရတာဝန်ရှိသူတချို့ ပါဝင်တဲ့အဖွဲ့ကို ဒေသခံတွေက မသော်ရီကျေးရွာအနီးမှာ မနေ့က တားဆီးခဲ့ကြပါတယ်။

အဲဒီအဖွဲ့က မနေ့ညက မသော်ရီကျေးရွာမှာ တည်းခိုခဲ့ပြီး ဒီနေ့ မနက်ပိုင်းမှာ ပြန်ထွက်ခွာသွားပြီဖြစ်တယ်လို့ မကူရီနာဂလူငယ်များအစည်းအရုံး ဥက္ကဌ မဆန်းစစ်ရှီး က ပြောပါတယ်။ မဆန်းစစ်ရှီး ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။