ကွတ်ခိုင်မြို့နယ်က စစ်ပြေးဒုက္ခသည်တွေအကြောင်း မေးမြန်းချက်
2018.02.06
ကွတ်ခိုင်မြို့နယ်အတွင်း မနေ့က ဖြစ်ပွားတဲ့ TNLA တအန်းပလောင်တပ်ဖွဲ့နဲ့ အစိုးရတပ်မတော်တို့ ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ထွက်ပြေးလာတဲ့ ဒေသခံ ရွာသူရွာသားတွေဟာ နီးစပ်ရာ ရွာတွေက ဆွေးမျိုးများအိမ်မှာ ခိုလှုံလျက်ရှိပါတယ်။ ဒုက္ခသည်တွေကို ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့က သွားရောက်တွေ့ဆုံပြီး လိုအပ်တဲ့ အကူအညီများပေးနေပါတယ်။ ဒုက္ခသည်များကို သွားရောက်တွေ့ဆုံတဲ့ ကွတ်ခိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် - ၁ လွှတ်တော် ကိုယ်စားလှယ် ဦးအိုက်မွန်း ကို ဦးတင်အောင်ခိုင် က ဆက်သွယ်မေးမြန်းထားပါတယ်။