သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-10-06
မကွေးတိုင်း အောင်လံမြို့က UKT အရက်ချက်စက်ရုံလုပ်ငန်း ပြန်လည်လည်ပတ်နိုင်အောင် ခွင့်ပြုဖို့ မကွေးတိုင်းဝန်ကြီးချုပ်ရဲ့ တင်ပြချက်ကို ဒီကနေ့ တိုင်းလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် အားလုံးက ကန့်ကွက်လိုက်ကြပါတယ်။
2016-10-06
အခုနှစ်အတွက် "ဝ,ရိုးရာ ကောက်သစ်စားပွဲတော်" ကို UWSA ဝ,အထူးဒေ သ-၂ ထိန်းချုပ်နယ်မြေ အတွင်းက မိုင်းပေါက်ခရိုင် ဟိုတောင်မြို့နယ်မှာ အောက်တိုဘာလ ၂ ရက်နေ့ကစပြီး သုံးရက်ကြာ ကျင်းပခဲ့ပါတယ်။
2016-10-06
တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်တန့်ဖို့အတွက် လွှတ်တော် ကိုယ်စားလှယ်တွေ စုပေါင်းလက်မှတ်ထိုးပြီး တောင်းဆို သွားမယ်လို့ မန်တုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုးက ပြောပါတယ်။
2016-10-06
ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ဆင်းရဲနွမ်းပါးသူတွေကို အစိုးရ ကမြေနေရာတွေချပေးဖို့ ဒေသခံ ၂ဝဝ လောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-10-06
မကွေးတိုင်းဒေသကြီး၊ သရက်မြို့ အကျဉ်းထောင် ထဲမှာ သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် ရည်စူးပြီး သရက်မြို့မှာ အမှတ်တရကျောက်တိုင်တွေ စိုက်ထူဖို့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက စီစဉ်နေပါတယ်။
2016-10-06
ဒီကနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပြည်သူ့လွှတ်တော် က ပြင်ဆင်ချက်နဲ့ ပြန်ပို့လာတဲ့ ရပ်ကွက် သို့မဟုတ် ကျေးအုပ်ချုပ်ရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ ကြမ်းကို တပိုဒ်ချင်းအလိုက် ဆွေးနွေးပြီး အတည်ပြုလိုက် ပါတယ်။
2016-10-06
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ပေး ဖို့နဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် ကူညီထောက်ပံ့နေတဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်ရေးကို ပိတ်ပင်တားဆီးတာတွေမလုပ်ဖို့ ကချင်အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက် ပါတယ်။
2016-10-06
ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွေ အနေနဲ့ ပွဲလမ်းသဘင်တွေ ကို အကြောင်းပြပြီး ငွေကြေးကောက် ခံတာတွေနဲ့ လာဘ်ပေးလာဘ်ယူမှုတွေရှိရင် အရေးယူ သွားမှာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြည်သူ့လွှတ်တော်မှာ မေးခွန်းမေးတာကို ဖြေကြားပါတယ်။
2016-10-06
အိမ်အကူမိန်းကလေးနှစ်ဦးကို ညှဉ်းပန်းနှိပ် စက်ခဲ့တဲ့ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ၆ ဦးကို ဒီကနေ့ ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်ခဲ့ပေမယ့် အင်းဝ အုပ်ချုပ်ဆိုင်ဖက် က ရှေ့နေမစုံတာကြောင့် အမှုကို မစစ်ဆေးဘဲ လာမယ့် အောက်တိုဘာလ ၁၃ ရက်နေ့ကို ချိန်းဆိုလိုက် ပါတယ်။
2016-10-06
တာမွေမြို့နယ် ဗိုလ်စိန်မှန်ကွင်းမှာ အမျိုးသားရေး လှုပ်ရှားသူတွေထဲက သတင်းသမား ကိုမြတ်သူကျော်ကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တဲ့အမှု အတွက် ဒီကနေ့ ဗဟန်းမြို့နယ် တရားရုံးမှာ ရုံးချိန်းရှိ ခဲ့ပေမယ့် တရားစွဲဆိုခံရသူတွေဘက်က လာရောက်ခြင်း မရှိပါဘူး။
2016-10-06
မွန်ပြည်နယ် သထုံမြို့မှာ အာဇာ နည်ကျောက်တိုင် ဆောက်လုပ် ဖို့မြေနေရာ ပြန်ပေးဖို့အဆိုကို ဒီနေ့ ပြည်နယ်လွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။
2016-10-06
နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကြမ်း ကို အောက်တိုဘာလ (၅) ရက်နေ့ ဒီကနေ့ အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ် ၁၂ ဦးက ဆွေးနွေးရာမှာ ကန့်ကွက်သူတွေ ရှိခဲ့ပါတယ်။
2016-10-06
ရန်ကုန်တိုင်း တောင်ဒဂုံမြို့သစ်က အိမ်တအိမ်မှာ ၅ နှစ်တိုင်တိုင် အလုပ်လုပ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မသန်းသန်းအိကို အိမ်ရှင်တွေက အမျိုးမျိုး ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့အတွက် မသန်းသန်းအိရဲ့ မျက်နှာပြင်နဲ့ ခန္ဓာကိုယ်အနံှံ့မှာ ဒဏ်ရာဒဏ်ချက်တွေ ရရှိခဲ့ပါတယ်။
2016-10-06
မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ၄ ဦးကို နှုတ်ထွက်ခွင့်ပြု လိုက်ကြောင်း နိုင်ငံတော်သမ္မတက ဒီကနေ့ အမိန့်ထုတ်ပြန်ုလိုက်ပါတယ်။
2016-10-06
ကချင်ပြည်နယ်မှာ အစိုးရတပ်မတော် နဲ့ ကေအိုင်အေတပ်ဖွဲ့တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ပေးဖို့ မြစ်ကြီးနားမြို့ မှာ လူပေါင်း တစ်သောင်းကျော် ဆန္ဒပြတောင်းဆိုခဲ့ ကြပါတယ်။