ထွေအုပ်တွေ အလှူငွေကောက်ခံခြင်း မပြုရ


2016.10.06
aungsoe-620.jpg ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ပြည်သူ့လွှတ်တော်မှာ မေးခွန်းများကို ပြန်လည်ဖြေကြားနေစဉ်
.

ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွေအနေနဲ့ ပွဲလမ်းသဘင်တွေကို အကြောင်းပြပြီး ငွေကြေးကောက် ခံတာတွေနဲ့ လာဘ်ပေးလာဘ်ယူမှုတွေရှိရင် အရေးယူသွားမှာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြည်သူ့လွှတ်တော်မှာ မေးခွန်းမေးတာကို ဖြေကြားပါတယ်။

ရွှေဘိုမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေဇင်လတ်က ဆယ့်နှစ်လရာသီ ပွဲတော်တွေနဲ့ ပတ်သက်ပြီး မေးခွန်းမေးရာမှာ ပွဲလမ်းသဘင်တွေအတွက် အလှူငွေကောက်ရာမှာ အဂတိလိုက်စား မှုတွေ ဖြစ်နိုင်ကြောင်း ဆွေးနွေးရာမှာ ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေဆိုခဲ့တာပါ။

"သက်ဆိုင်ရာမြို့နယ် ခရိုင်တွေမှာ ဒီလိုပွဲလမ်းသဘင်တွေကို အကြောင်းပြပြီး မသမာတဲ့ ငွေပေးငွေယူမှုတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေ ပေါ်ပေါက်မှုအပေါ်မှာ ကျနော်တို့ဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာတိုင်းဒေသ ကြီး ပြည်နယ်အစိုးရတွေနဲ့ ပေါင်းစပ်ပြီး လိုအပ်တဲ့စုံစမ်းစစ်ဆေးမှုတွေ လိုအပ်တဲ့အရေးယူမှုတွေ ဆက်လက်ပြု လုပ်သွားမှာဖြစ်ကြောင်း တင်ပြအပ်ပါတယ်"

ရာသီအလိုက်ပွဲတော်တွေ နိုင်ငံတော်အထိမ်းအမှတ်ပွဲတွေ ကျင်းပဖို့ရာ သီးသန့်ရန်ပုံငွေမရှိတဲ့အတွက် ဌာနဆိုင်ရာ ဝန်ထမ်းတွေထံကနေ အချိုးကျအလှူငွေကောက်ခံသလို လုပ်ငန်းရှင်တွေထံကနေ အလှူငွေကောက်ခံပြီး လုပ်ဆောင်ရတာကြောင့် အဂတိလိုက်စားမှုတွေဖြစ်ပေါ်စေကြောင်း ဒေါက်တာအေဇင်လတ်က ဆွေးနွေးခဲ့ တာဖြစ်ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွေကို ပွဲလမ်း သဘင်တွေ ကျင်းပဖို့အတွက် တာဝန်ပေးအပ်ထားခြင်းမရှိသလို ဒေသခံ စီးပွားရေးလုပ်ငန်းရှင်တွေထံကနေ အလှူငွေကောက်ခံခြင်းတွေ လုပ်ဆောင်ဖို့ ခွင့်ပြုထားခြင်းမရှိကြောင်းလည်း ဗိုလ်ချုပ် အောင်စိုးက ရှင်းပြခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။