သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-10-07
ရှမ်းပြည်နယ်မှာ အောက်တိုဘာလ ၂ ရက်ကနေ ၅ ရက်နေ့ထိဖြစ်ခဲ့တဲ့ အစိုးရ တပ်တွေရဲ့ SSPP/SSA တပ်တွေကို ထိုးစစ်ဆင်ခဲ့တဲ့အပေါ် စိုးရိမ်ကြောင်းနဲ့ အပစ်ရပ်ပြီး တပ်တွေဆုတ်ခွါပေးဖို့ ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် UWSA နဲ့ မိုင်းလားတပ်ဖွဲ့ခေါ် ရှမ်းပြည်နယ်အရှေ့ပိုင်းအထူးဒေသ (၄) တို့ပူးပေါင်းပြီး အောက်တိုဘာလ ၅ ရက်နေ့နေ့စွဲနဲ့ ကြေ ညာချက်ထုတ်ပြန်လိုက်သလို၊ အဲဒီကြေညာချက်ကို သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ ပြည်ထောင်စုလွှတ်တော် ဥက္ကဌ ဆီပေးပို့လိုက်ပါတယ်။
2014-10-07
ရခိုင်ပြည်နယ်မှာ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဖွံ့ဖြိုးရေးအကူအညီတွေ ပေးအပ်ဖို့အတွက် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် UNDP က စီစဉ်နေပါတယ်။ အပြည့်အစုံကို RFA အဖွဲ့သား ကိုဂျေက တင်ပြထားပါတယ်။
2014-10-07
ဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားဖို့အတွက် ဂုဏ်သိက္ခာရှိရှိနဲ့ အနိုင်ရအောင် ကြိုးပမ်းရမှာဖြစ်သလို အရှုံးကိုလည်း ဓမ္မဓိဋ္ဌာန်ကျကျ လက်ခံနိုင်ဖို့ အရေးကြီးတယ်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က “ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ NLD ဗဟိုလူငယ်ဦးဆောင်အဖွဲ့ အစည်းအဝေးမှာ ပြောလိုက်ပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2014-10-07
တရုတ်နိုင်ရဲ့ အထူးအုပ်ချုပ်ရေးဒေသဖြစ်တဲ့ ဟောင်ကောင်က ဒီမိုကရေစီရေး ဆန္ဒပြပွဲကို ဒီနေ့ တနင်္လာနေ့ နောက်ဆုံးထားပြီးဖယ်ရှားဖို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူးက သတိပေးထားပါတယ်။
2014-10-07
ပြေလည်မှုမရရှိသေးတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းနဲ့ ပတ်သက်ပြီး အစိုးရနဲ့ ဆက်ဆွေးနွေးနိုင်ဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့က ကိုယ်စားလှယ်တွေပါဝင်တဲ့ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT ခေါင်းဆောင်တွေ ထိုင်းနိုင်ငံမှာ စနေနေ့က ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုအောင်မိုးမြင့်က တင်ပြပေးမှာပါ။
2014-10-07
ဟောင်ကောင်ကျောင်းသားတွေရဲ့ ဒီမိုကရေစီ အရေးလှုပ်ရှားမှုကို မြန်မာတက္ကသိုလ်ကျောင်းသားတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ အနုပညာရှင်နဲ့ လူမှုရေးလှုပ်ရှားတက်ကြွသူတွေ ပူးပေါင်းထောက်ခံတဲ့ လှုပ်ရှားမှုတစ်ရပ် ပြည်တွင်း မှာ စတင်နေပြီဖြစ်ပါတယ်။
2014-10-07
ရှမ်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP တို့ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး အောက်တိုဘာလ ၂ ရက်နေ့ကနေ ၄ရက်နေ့ထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြ ပါတယ်။
2014-10-07
ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချူပ် SNLD ဥက္ကဌ ဦးခွန်ထွန်းဦး ခေါင်းဆောင်တဲ့အဖွဲ့နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အဖွဲ့က နာယက ဗိုလ်ချူပ် ဆေထင်တို့ ဦးဆောင်တဲ့အဖွဲ့ဟာ ဒီကနေ့ မနက်ပိုင်းက ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ခေါင်းဆောင်တွေနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၂ နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပါ တယ်။
2014-10-07
ထိုင်းနိုင်ငံ ခိုထောင်းကျွန်းမှာ ဗြိတိန်စုံတွဲ အသတ် ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရ တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦးက သူတို့ကို ထိုင်းရဲက ရိုက်နှက်စစ်ဆေးခဲ့တာကြောင့် ဝန်ခံထွက် ဆိုခဲ့ရတယ်လို့ ပြောကြောင်းသိရပါတယ်။
2014-10-07
ကမ္ဘာ့ဘဏ်အနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက် တဲ့ နည်းဗျူဟာသစ်တွေ ချမှတ်တဲ့နေရာမှာ လူ့အခွင့်အရေး ပြဿနာတွေကို ဦးစားပေးလုပ်ဆောင် သင့်ကြောင်း၊ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက် မှု ပြဿနာအပေါ် နိုင်နိုင်နင်းနင်း ကိုင်တွယ်ဆောင်ရွက် သင့်ကြောင်း HRW လူ့အခွင့်အရေးအဖွဲ့က မနေ့ က ကြေညာချက် ထုတ်ပြန်အကြံပြု တိုက်တွန်းခဲ့ပါတယ်။
2014-10-06
ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်မဟာ (၂) လက်အောက်ခံတပ်ရင်း (၁၄) နဲ့ အစိုးရတပ်မ (၆၆) လက်အောက်ခံတပ်တွေ အကြား နှစ်ဖက်စစ်ရေး အခြေအနေတင်းမာမှုကြောင့် မြို့ရဲ့ တောင်ဘက် ၁၀ မိုင်အကွာမှာရှိတဲ့ ရာမွတ်လို့ခေါ်တဲ့ ပယင်းမှော်မှာ လုပ်ကိုင်နေသူ ငါးထောင်လောက်ဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
2014-10-06
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ချော်ချောင်းကျေးရွာကနေ မင်းပြားမြို့ပေါ်ကို ဈေးဝယ်ထွက်တဲ့ စက်လှေတစ်စီး ဒီနေ့ နေ့လယ်ပိုင်းက နစ်မြုပ်ခဲ့ရာ လူနှစ်ဦးသေဆုံးပြီး ၇ ဦး ပျောက်ဆုံးနေပါတယ်။
2014-10-06
တပ်ပိုင်မြေဆိုပြီး နေအိမ်နဲ့ ခြံမြေတွေ ကနေ ဖယ်ရှားထားခိုင်း တဲ့ မေမြို့ ခေါ် ပြင်ဦးလွင်မြို့ နယ် ညောင်နီကျေးရွာက ရွာသားလေးဦးကို မြို့နယ်ရဲစခန်း က ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေ ပုဒ်မ ၆ (၁) နဲ့ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ စုံစမ်းသိရှိရပါတယ်။
2014-10-06
ပျဉ်းမနား၊ သံတောင်နဲ့ ဖယ်ခုံစတဲ့ မြို့နယ် ၃ခုဆုံတဲ့ နေရာက လယ်ယာစိုက်ခင်းတွေထဲ လယ်ကြွက်တွေဝင်ရောက် ဖျက်ဆီးနေတာကြောင့် လယ်ယာမြေဧက ၂၀၀ ကျော် ပျက်စီးဆုံးရံှုးနေပြီ်လို့ သိရပါတယ်။
2014-10-06
ဟောင်ကောင်ကျောင်းသားတွေရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုကို မြန်မာ့နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ အနုပညာရှင်တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက ထောက်ခံကြောင်း လှုပ်ရှားမှု တစ်ရပ် စတင်ပြုလုပ်နေပါတယ်။