ပျဉ်းမနား၊ သံတောင်နဲ့ ဖယ်ခုံမြို့နယ်တွေမှာ စိုက်ခင်းတွေကို လယ်ကြွက် ဖျက်ဆီး


2014.10.06
mouse-305.jpg အပင်တစ်ပင်ကို ကိုက်နေတဲ့ ကြွက်တစ်ကောင်ပုံ
Photo: Stephanie Foote

ပျဉ်းမနား၊ သံတောင်နဲ့ ဖယ်ခုံစတဲ့ မြို့နယ် ၃ ခုဆုံတဲ့နေ ရာက လယ်ယာစိုက်ခင်းတွေထဲ လယ်ကြွက်တွေ ဝင်ရောက် ဖျက်ဆီးနေတာကြောင့် လယ်ယာမြေဧက ၂၀၀ ကျော် ပျက်စီးဆုံးရံှုးနေပြီ်လို့ သိရပါတယ်။

အခုရာသီဟာ ဝါးသီးတွေ သီးတဲ့ရာသီဖြစ်တဲ့အတွက် လယ်ကြွက်တွေက ဝါးသီးစားရင်း စပါးပင်တွေ ကို အောက်ခြေကနေ ကိုက်ဖြတ်တာဖြစ်တယ်လို့ ကယန်းပြည်သစ်ပါတီက ဖွံ့ဖြိုးရေးတာဝန်ခံ ဦးခင်မောင်ထွန်းက ပြောပါတယ်။

"နှစ်ပေါင်း ၅ဝ မှာတစ်ကြိမ် ဝါးသီးတဲ့အတွက်ကြောင့် ကြွက်ကပေါတယ်လို့ တချို့ပညာရှင်တွေက ယူဆကြတာပေါ့၊ ကြွက်တွေက ဒီဝါးသီးကို သိပ်ကြိုက် တယ်၊ ဒီဝါးသီးကိုစားပြီးတော့မှ ကြွက်တွေပွားနှုန်းက ပိုတိုးတယ်လို့ပြောတယ်၊ ကျနော်တို့ဖက်က မိရိုးဖလာ ကြွက်ကိုနှိမ်နှင်းတဲ့နည်းနဲ့ မနိုင်ဖူးပေါ့နော်၊ လက်ရှိစပါးတွေက နည်းနည်းဖူးနေပြီ တချို့မှည့်နေပြီ၊ ပြန်ရိပ်သိမ်းလို့ မဖြစ်နိုင်တော့တဲ့ အခြေအနေမျိုးလည်း ကြုံနေရတာပေါ့"

ပြီးခဲ့တဲ့ ဇူလိုင်လကစတင်ကာ ပျဉ်းမနားမြို့နယ်၊ အလယ်ချောင်းကျေးရွာအုပ်စုက ကျေးရွာပေါင်း ၂၀ ကျော်၊ ကရင်ပြည်နယ်၊ သံတောင်မြို့နယ်က ကျေးရွာအုပ်စု ၃ အုပ်စုနဲ့ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့၊ အလယ်ကယန်းကျေးရွာ အုပ်စုတို့မှာ စပါးခင်းတွေထဲကို လယ်ကြွက်တွေ ဝင်ရောက်ဖျက်စီးနေတာဖြစ်ပြီး ကြွက်သတ်ဆေးချတဲ့ နည်းလမ်းနဲ့ နှိမ်နင်းနေရတယ်လို့ လယ်သမားတွေက ဆိုပါတယ်။

ဒီကိစ္စအတွက် လယ်သမားတွေကို အကူအညီပေးဖို့ ကရင်ပြည်နယ်အစိုးရကို ကယန်းပြည်သစ်ပါတီက တင်ပြထားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း လယ်ကြွက်တွေ ဝင်ရောက်ဖျက်ဆီးစားသောက်တဲ့အတွက် စပါးအပြင် ပြောင်း၊ ပဲ၊ အာလူး၊ ပိန်းဥပင်နဲ့ အခြားရာသီပင်တွေလည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။