သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-01-19
နိုင်ငံပြုပြင်ပြောင်းလဲရေးဟာ ဆင်းရဲသားတွေရဲ့ ဘဝမြှင့်တင်ပေးဖို့အတွက် အထောက်အကူဖြစ်ပါတယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံ ပြန်လည်တည်ဆောက်ရေးအတွက် နိုင်ငံတကာအလှူရှင်တွေကို မနေ့က ပြောကြားလိုက်ပါတယ်။
2013-01-19
ICRC ခေါ် နိုင်ငံတကာကြက်ခြေနီ အဖွဲ့ ဥက္ကဌ တစ်ဦးအနေနဲ့ ပထမဆုံးရောက်ရှိခဲ့တဲ့ ခရီးစဉ်အတွင်း မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အာမခံချက်တွေရရှိခဲ့တယ်လို့ ICRC ဥက္ကဌ Mr Peter Maurer က ပြောကြားလိုက် ပါတယ်။
2013-01-19
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ မကြာမီကာလမှာ ငြိမ်းချမ်းရေး ရယူပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး မှုတွေ စတင်နိုင်ဖို့ မျှော်လင့်ကြောင်း သမ္မတ ဦးသိန်းစိန် က ဒီကနေ့ ပြောကြားလိုက် ပါတယ်။
2013-01-19
လဂျားယန်ဒေသအပါအဝင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းက အစိုးရစစ်တပ်နဲ့ ကေအိုင်အေ ပဋိပက္ခဖြစ်နေတဲ့ နေရာအားလုံးမှာ ခုခံကာကွယ်ရန်မှအပ ပစ်ခတ်တိုက်ခိုက်မှုများ မပြုလုပ်ရေးဆိုတဲ့ နိုင်ငံတော်သမ္မတရဲ့ ညွှန်ကြားချက်အတိုင်း ကာကွယ်ရေးဦးစီးချုပ်က လိုက်နာဆောင်ရွက်သွားမှာဖြစ်တယ်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က RFA ကို ပြောပါတယ်။
2013-01-19
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ကာမိုင်းရဲစခန်းကို ဇန်နဝါရီလ ၁၉ရက် ဒီကနေ့ မနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးလိုက်တာဟာ ကေအိုင်အေ တပ်မဟာ ၂ လက်အောက်ခံ ကေအိုင်အေတပ်ရင်း ၆ က ဖြစ်တယ်လို့ အဲဒီတပ်ရင်း ၆ရဲ့တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အင်ခွန်ဇော်ဒွဲ က RFA ကို အတည်ပြုပြောပါတယ်။
2013-01-19
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်က ကချင်ပြည်နယ် က စစ်ပြေးဒုက္ခသည်တွေကို ကူညီဖို့ ရန်ကုန်မြို့ ပြည်သူတွေဆီကနေ အလှူငွေနဲ့ ပစ္စည်းတွေ ကောက်ခံစုဆောင်းနေ ပါတယ်။
2013-01-19
မြန်မာ့တပ်မတော်ရဲ့ ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုတွေကို လဂျားယန်ဒေသတွင်သာ ရပ်ဆိုင်းလိုက်ခြင်းမဟုတ်ပဲ ကချင်ဒေသအနှံ့ မြန်မာ့တပ်မတော်ရဲ့ ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုတွေကို လျော့ချသင့်တယ် လို့ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက် ပါတယ်။
2013-01-19
ဇန်နဝါရီလ ၁၈ ရက် သောကြာနေ့ ညနေက ဝါရှင်တန် ဒီစီမြို့တော် မှာရှိတဲ့ မြန်မာနိုင်ငံသံရုံးမှာ ၆၅ ကြိမ်မြောက် လွတ်လပ်ရေးနေ့ ဧည့်ခံပွဲကို ကျင်းပခဲ့ပါတယ်။
2013-01-19
ကချင်ပြည်နယ်မှာ စစ်ရေးအရ တိုက်ခိုက်နေတာတွေကို မြန်မာ့ တပ်မတော်က ရပ်ဆိုင်းတော့ မှာဖြစ်ကြောင်း အစိုးရ ရုပ်မြင်သံကြားက ကြေညာခဲ့ပါတယ်။
2013-01-18
ကချင်ပြည်နယ်မှာ စစ်ရေးအရ တိုက်ခိုက်နေတာတွေ ကို မြန်မာ့တပ်မတော်က ရပ်ဆိုင်းတော့မှာဖြစ်ကြောင်း အစိုးရ ရုပ်မြင်သံကြားက ကြေညာခဲ့ပါတယ်။
2013-01-18
မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်း ရှင်များ အသင်း ဥက္ကဌ ဦးတေဇဟာ အသင်းကနေ နှုတ်ထွက်ခွင့်ကို မနေ့က တောင်းခံ ခဲ့ပါတယ်။
2013-01-18
ယခင် စစ်အစိုးရနဲ့ နီးစပ်ခင်မင်သူ ခရိုနီ စီးပွားရေးလုပ်ငန်းရှင်တွေက ပညာရေးရန်ပုံငွေအတွက် လှုဒါန်းတာတွေကို လက်ခံတာဟာ မှားယွင်းတယ်လို့ မဆိုနိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌနဲ့ကော့မှုးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည် က ဒီကနေ့ ကာကွယ်ပြော ဆိုလိုက်တယ်လို့ AFP သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
2013-01-18
မြန်မာနိုင်ငံက တရားရုံးတွေရဲ့ ချို့ယွင်းချက်များ၊ ရဲစခန်းများမှာ တရားခံများကို ပြုမှုဆောင်ရွက်ပုံတွေ၊ ရဲသတင်းတပ်ဖွဲ့ရဲ့ တရားဥပဒေမဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ဆပ်ကော်မတီလေးရပ်နဲ့ နိုင်ငံတကာအဖွဲ့အစည်းများ ကို အာရှလူ့အခွင့်အရေးကော်မရှင်အဖွဲ့က အိတ်ဖွင့်ပေးစာတစ်စောင် ဒီကနေ့ နေ့စွဲနဲ့ ပေးပို့လိုက်ပါတယ်။
2013-01-18
မြန်မာနိုင်ငံ ကျောက်မျက်အသင်းနဲ့ ကျောက်မျက်ဈေးကွက်ရဲ့ ၆၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတဲ့ ခရိုနီစီးပွားရေးလုပ်ငန်းရှင်တွေကို ဖယ်ရှားပေးရေးအဆိုကို ပြီးခဲ့တဲ့သတင်းပတ် လွှတ်တော် အစည်းအဝေးမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ မကွေးတိုင်ဒေသကြီး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီးဟောင်း ဦးလှဆွေက တင်သွင်း ခဲ့တာကြောင့် မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းအသင်း ဥက္ကဌ ဦးတေဇဟာ အသင်းကနေ ဒီကနေ့ နှုတ်ထွက်သွားခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကို RFA သတင်းထောက် မအိအိခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2013-01-18
ဒီကနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းရင်းသားရေးရာ ကော်မတီအတွင်းရေးမှူး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန် တင်သွင်းတဲ့ ကချင်ပြည်နယ် အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ရရှိနိုင်ဖို့ နှစ်ဖက်စလုံးရဲ့ယုံကြည်အားကိုး ထိုက်သူတွေပါဝင်တဲ့ ငြိမ်းချမ်းရေး စေ့စပ်ဆောင်ရွက်ရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပေးဖို့အဆိုကို လက်ခံဆွေးနွေးပေးဖို့ လွှတ်တော်က အတည်ပြုဆုံးဖြတ်ခဲ့ပါတယ်။