နိုင်ငံတကာကြက်ခြေနီအဖွဲ့ ဥက္ကဌ မြန်မာနိုင်ငံခရီးစဉ်ကို ကျေနပ်အားရ
2013.01.19
သူ့ခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ ကြက်ခြေနီအသင်းကလုပ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းတွေမှာ မြန်မာအစိုးရနဲ့ နှစ်ဦးနှစ်ဘက်ဆက်ဆံရေးအတွက် ကဏ္ဍသစ်တရပ် စတင်လိုက်တာလို့ တပတ်ကြာခရီးစဉ်အပြီး ထုတ်ပြန်တဲ့ကြေညာချက်မှာ Mr Maurer က ဖော်ပြထားပါတယ်။
မြန်မာခေါင်းဆောင်တွေနဲ့ ဆွေးနွေးရတာ အပြုသဘောဆောင်တဲ့အကြောင်း၊ ICRC ဟာ အရေးပါပြီး ပါတီစွဲကင်းကင်းနဲ့ လွတ်လပ်တဲ့ကြားနေ အဖွဲ့အစည်းဖြစ်တာကို သမ္မတ ဦးသိန်းစိန် ကောင်းကောင်းနားလည် သဘောပေါက်ပုံပြသကြောင်းနဲ့ ICRC နဲ့ လက်တွဲဆောင်ရွက်ဖို့ မြန်မာသမ္မတ က ထုတ်ဖော်ပြောကြားကြောင်း Mr.Maurer က ပြောပါတယ်။
မြန်မာအစိုးရရဲ့ ပူးပေါင်းဆောင်ရွက်တဲ့ စိတ်ဓာတ်သစ်ကို ဥပမာပေးပြောရရင် ကြက်ခြေနီအသင်းဟာ အကျဉ်းထောင်တွေဆီ ရှေ့သီတင်းပတ်မှာ ပြန်လည်သွားရောက်ခွင့်ရမယ့် ကိစ္စဖြစ်တယ်လို့ဆိုပါတယ်။
Mr Peter Maurer ဟာ သမ္မတဦးသိန်းစိန်အပြင် ဝန်ကြီးတွေ၊ လွှတ်တော်နှစ်ရပ်က ဥက္ကဌတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တွေ့ဆုံခဲ့ပါတယ်။