သမ္မတရဲ့အမိန့်အတိုင်း ကာကွယ်ရေး ဦးစီးချုပ်က လိုက်နာဆောင်ရွက်မည်
2013.01.19

AFP
"တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောတာသည် ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ် မြောက်ပိုင်းက လက်ရှိကေအိုင်အေနဲ့ပဋိပက္ခဖြစ်နေတဲ့ အချိန်မှာ သမ္မတကြီးရဲ့ မူအတိုင်း လိုက်နာဆောင်ရွက်သွားမယ်လို့ ပြောတာဖြစ်ပါတယ်"
အစိုးရသတင်း ထုတ်ပြန်ရေးအဖွဲ့ရဲ့ ဇန်နဝါရီ ၁၈ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ကချင်ပြည်နယ် လဂျားယန်ဒေသမှာ အစိုးရစစ်တပ်ရဲ့ စစ်ဆင်ရေးတွေ ရပ်ဆိုင်းမယ်လို့ ရေးသားထားတာနဲ့ ပတ်သက်လို့ RFA ရဲ့ မေးမြန်းချက်ကို သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က အခုလိုပြောလိုက်တာ ဖြစ်ပါတယ်။
ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ကလည်း အစိုးရရဲ့ထိုးစစ်ဆင်နေတာတွေကို လဂျားယန်ဒေသတစ်ခုတည်းမှာပဲ ရပ်ဆိုင်းလိုက်တာမဟုတ်ဘဲ ကချင်ပြည်နယ်ဒေသအနှံ့ အစိုးရရဲ့ထိုးစစ်ဆင်လှုပ်ရှားမှုတွေ လျော့ချသင့်တယ်လို့ ကြေညာချက်တစ်စောင် ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။