ငြိမ်းချမ်းရေး စေ့စပ်ဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းရေးအဆို အမျိုးသားလွှတ်တော် အတည်ပြု

ဒီကနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းရင်းသားရေးရာ ကော်မတီအတွင်းရေးမှူး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန် တင်သွင်းတဲ့ ကချင်ပြည်နယ် အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ရရှိနိုင်ဖို့ နှစ်ဖက်စလုံးရဲ့ယုံကြည်အားကိုး ထိုက်သူတွေပါဝင်တဲ့ ငြိမ်းချမ်းရေး စေ့စပ်ဆောင်ရွက်ရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပေးဖို့အဆိုကို လက်ခံဆွေးနွေးပေးဖို့ လွှတ်တော်က အတည်ပြုဆုံးဖြတ်ခဲ့ပါတယ်။

2013.01.18

လွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်ရဲ့ အဆိုကို အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က အတည်ပြုခဲ့ပါတယ်။

အခုလို လက်နက်ကိုင်နှစ်ဖွဲ့အကြား ယုံကြည်အားကိုးထိုက်သူတွေ ပါဝင်တဲ့ ငြိမ်းချမ်းရေး စေ့စပ်ဆောင်ရွက်ပေးတဲ့အဖွဲ့ ဖွဲ့စည်းလိုက်ရင် ငြိမ်းချမ်းရေးအတွက် ထိထိရောက်ရောက် အကျိုးရှိနိုင်တယ်လို့  အဲဒီအဆိုကို တင်သွင်းခဲ့တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်က ပြောပါတယ်။

အဲဒီ့အဆိုကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံပြီး အမျိုးသားလွှတ်တော်မှာ လက်ခံဆွေးနွေးသင့်ကြောင်း လွှတ်တော်မှာ အတည်ပြုဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းအသေးစိတ်ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။