ကေအိုင်အိုနဲ့ မကြာခင် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်မယ်လို့ သမ္မတမျှော်လင့်

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ မကြာမီကာလမှာ ငြိမ်းချမ်းရေး ရယူပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး မှုတွေ စတင်နိုင်ဖို့ မျှော်လင့်ကြောင်း သမ္မတ ဦးသိန်းစိန် က ဒီကနေ့ ပြောကြားလိုက် ပါတယ်။

2013.01.19
president-theinsein-305 မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို တက်ရောက်လာတဲ့ သမ္မတ ဦးသိန်းစိန်ပုံ
Photo: President Office Website

ဒီကနေ့ မနက်ပိုင်းက နေပြည်တော် MICC  မှာ ကျင်းပတဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်အစည်းအဝေးမှာ ဦးသိန်းစိန် က အခုလို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် KIO နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အစိုးရက ထပ်မံကမ်းလှမ်းထားကြောင်း၊ တပ်မတော်ကိုလည်း စစ်ရေးအရှိန်ကို ရပ်ဆိုင်းဖို့အမိန့်ပေးထားကြောင်း သမ္မတကြီး ဦးသိန်းစိန်က ပြောကြားခဲ့ပါတယ်။

အဲဒီအစည်းအဝေးပွဲကို တတ်ရောက်လာတဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက KIO နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အလားအလာနဲ့ ပတ်သက်လို့ RFA  ရဲ့ မေးမြန်းချက်ကို အခုလိုဖြေကြားခဲ့ပါတယ်။

“ကျနော်ကတော့ တံခါးဖွင့်ထားတာဘဲ၊ သူတို့ခေါ်တဲ့အချိန် သွားမှာဘဲ၊ ဒီနေ့ခေါ်ရင် ဒီနေ့သွားမှာဘဲ၊ အခုခေါ် အခုသွားမှာဘဲ၊ ကျနော့်ရဲ့တာဝန်ကတော့ ဒါဘဲ၊ ကျနော့်ဘက်က အဆင်သင့်ဘဲ”

နေပြည်တော် MICC  မှာ ဇန်နဝါရီလ ၁၉ရက် ဒီကနေ့ စတင်ကျင်းပတဲ့ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် နှစ်ရက်ကြာအစည်းအဝေးကို နိုင်ငံခြားအကူအညီ အထောက်အပံ့စီမံခန့်ခွဲရေး ဗဟိုကော်မတီက ဦးဆောင်ကျင်းပတာဖြစ်ပြီး ကုလသမဂ္ဂနဲ့ နိုင်ငံခြားသံတမန်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေအပါအဝင် လူပုဂ္ဂိုလ် ၆၀၀ကျော် တတ်ရောက်ခဲ့ပါတယ်။

မနေ့က ဇန်နဝါရီလ ၁၈ရက်နေ့မှာ အစိုးရကထုတ်ပြန်ခဲ့တဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် ကို RFA သတင်းထောက် မဇင်မာဝင်း က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။