သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-06-07
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အတွက် ရခိုင်အမျိုးသားပါတီ ANP က ကိုယ်စားပြု ယှဉ်ပြိုင်မယ့်သူတွေဟာ မြို့ခံတွေမဟုတ်တဲ့အတွက်ဆို ပြီး ဒေသခံ ၁၀၀ ကျော်က ဒီနေ့ ကန့်ကွက်ဆန္ဒပြကြ ပါတယ်။
2015-06-07
တစ်နိုင်ငံလုံးမှာ ရွှေ့ပြောင်းတာဝန် ထမ်းဆောင်နေကြတဲ့ အစိုးရဝန်ထမ်းတွေ ထဲက မဲပေးခွင့်ရှိသူ အမည်စာရင်းတွေကို ရွေးကောက်ပွဲ ရက် ကြေညာပြီးနောက်မှ ထုတ်ပြန် မှာဖြစ်တယ် လို့ နေပြည်တော် ရွေးကောက်ပွဲကော်မရှင် က ပြောပါတယ်။
2015-06-07
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် က ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းရေး ကို ထောက်ခံကြောင်း ဒီကနေ့ တက္ကသိုလ်ကျောင်း သား ကျောင်းသူ ၆၀ ကျော်နဲ့ တွေ့ဆုံဆွေးနွေးပွဲ မှာ ပြောကြားလိုက်ပါတယ်။
2015-06-07
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ တက္ကသိုလ်ကျောင်းသူ ကျောင်းသား ၆ဝ ကျော်ကို ဒီနေ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာ လမ်းက နေအိမ်မှာ တွေ့ဆုံခဲ့ပြီး အဆင့်မြင့် ပညာရေး ဥပဒေအတွက် ကျောင်းသူ ကျောင်း သားတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2015-06-07
၂ဝ၁၅ ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီ ANP ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စား လှယ်လောင်းတွေကို ပါတီတွင်းမှာ ရွေးကောက် ပွဲတွေကျင်းပပြီး ရွေးချယ်နေပါတယ်။ ANP ပါတီ တွင်း ရွေးကောက်ပွဲရလဒ်တွေအပေါ် မကျေနပ် တဲ့အတွက် ရသေ့တောင်မြို့မှာ ဒေသခံ တစ်ရာကျော်က ကန့်ကွက်ဆန္ဒပြကြပါတယ်။
2015-06-07
အမျိုးသားဒီမိုကရေစီအဖဲ့ွချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က အဆင့်မြင့်ပညာရေး ဥပဒေနဲ့ပတ်သက် ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေရဲ့ အကြံပြုချက်တွေကို ဒီနေ့ မေးမြန်းခဲ့တယ်လို့ သိရပါတယ်။
2015-06-07
ကရင်ပြည်နယ် ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေ လော်ခီးလာမှာ ကျင်းပနေ တဲ့ တိုင်းရင်းသားလက်နင်ကိုင်အဖွဲ့တွေရဲ့ ညီလာခံကို မနက်ဖြန်ရက်တိုး ကျင်းပသွားမှာဖြစ်ပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်နဲ့ ပတ်သက်ပြီး ကြေငြာချက် ထုတ်ပြန်မယ်လို့ PSLF/TNLA တအာင်း ပလောင်အဖွဲ့နိုင်ငံခြားရေး ဌာနမှူး တာပန်လှ က ပြောပါတယ်။
2015-06-07
ရှမ်းပြည်နယ် မိုင်းတုံနဲ့ ပုံပါကျင်မြို့နယ်ခွဲအကြားမှာ သစ်ထုတ်လုပ်နေတဲ့ "ဝ" ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA လက်အောက်ခံ အဖွဲ့က ၆ ဦး ဖမ်းဆီးခံရတဲ့အတွက် မိုင်းတုံမြို့ အခြေစိုက် ခမရ ၅၉၁ တပ်ကို UWSA တပ်ရင်း နှစ် ခုက ဝိုင်းထားပါတယ်။
2015-06-07
ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို စားဝတ်နေရေး ကူညီနေတဲ့ နိုင်ငံတကာ အဖွဲ့ အစည်းတွေက အကူအညီတွေ ထက်ဝက်လောက် လျှော့ချလိုက်ပြီဖြစ်တဲ့အတွက် စစ်ဘေးဒုက္ခသည်တွေကို အများပြည်သူက ပါဝင် လှူဒါန်းကြဖို့ ကချင်လူမှုအဖဲ့ွအစည်း တွေက ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2015-06-06
ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုရမယ့် မျိုးစောင့်ဥပဒေကြမ်း လေးခုကို မပြဌာန်းသင့်ဘူး လို့ အရပ်ဘက် လူမှုအဖွဲ့အစည်း ၆-ဖွဲ့က ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီမှာ ပြီးခဲ့တဲ့ သီတင်းပတ်က တင်ပြခဲ့ကြတာနဲ့ ဆက်စပ်ပြီး PEN Myanmar အဖွဲ့ ဥက္ကဌ မသီတာ (စမ်းချောင်း)၊ အမျိုးသမီး အဖွဲ့ချုပ် (မြန်မာနိုင်ငံ) အကြံပေးအဖွဲ့ဝင် မသင်းသင်းအောင် နဲ့ ညီမျှခြင်း မြန်မာ အဖွဲ့ ညွန်ကြားရေးမှူး ဦးအောင်မျိုးမင်း တို့နဲ့ အတူ ဦးခင်မောင်ညိန်းက တင်ပြ ထားပါတယ်။
2015-06-06
ထိုင်းနိုင်ငံကို အလုပ်သမားတွေ ပို့ဆောင်ပေးနေတဲ့ မြန်မာ နိုင်ငံက အလုပ်သမား အေဂျင်စီ ၃ ခုကို မူလစာချုပ်ပါ သဘောတူညီချက်တွေကို ချိုးဖေါက်တယ်ဆိုတဲ့ စွပ်စွဲချက် နဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၆ ဦးက ရန်ကုန် တိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေးအဖွဲ့ထံ တိုင်ကြားလိုက်ပါတယ်။
2015-06-06
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်ကျေးရွာ ဂုံညင်းနီကွင်းက မြေ ၅ ဧကမှာ ဆောက်လုပ်ထားတဲ့ တဲအလုံး ၆ဝ လောက်ကို ရဲတပ်ဖွဲ့ဝင်တွေ၊ စည်ပင်ဝန်ထမ်းတွေနဲ့ အရပ်ဝတ်တွေက ဒီနေ့ မနက် ၅ နာရီမှာ ဝင်ရောက်ဖျက်ဆီး လိုက်ပါတယ်။
2015-06-06
အမုန်းတရားကိုပြန့်ပွားစေတဲ့ အပြောအဆိုတွေဟာ ဘာသာသာသနာကို ဖျက်ဆီးနေ သလိုဖြစ်နေကြောင်း မန္တလေးမြို့ မြဝတီမင်း ကြီးကျောင်းတိုက် ဆရာတော်က မိန့်ကြားလိုက် ပါတယ်။
2015-06-06
ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ လော်ခီးလာမှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များရဲ့ ထိပ်သီးအစည်းအဝေး နောက်ဆုံးနေ့ မှာ ဆွေးနွေးမှုတွေ မပြီးပြတ်သေးတာကြောင့် တစ်ရက် ထပ်ပြီး တိုးလိုက်ပါတယ်။
2015-06-06
လာမယ့် ဇွန်လ ၈ ရက်နေ့ကစပြီး ထုတ်ပြန်ကြေညာမယ့် တိုင်းဒေသကြီး နဲ့ ပြည်နယ် ၁ဝ ခုက မဲပေးခွင့်ရှိသူ စာရင်းမှာ နယ်မြေတည်ငြိမ်မှုမရှိတဲ့ဒေသက လူစာရင်းတွေ မပါဝင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တာဝန်ရှိသူတွေက ပြောပါတယ်။