အဖွဲ့အစည်း ၆ ဖွဲ့က မျိုးစောင့် ဥပဒေကြမ်း လေးခုကို သဘော မတူတဲ့အကြောင်း ဆွေးနွေးချက်
2015.06.06
ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုရမယ့် မျိုးစောင့်ဥပဒေကြမ်း လေးခုကို မပြဌာန်းသင့်ဘူး လို့ အရပ်ဘက် လူမှုအဖွဲ့အစည်း ၆-ဖွဲ့က ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီမှာ ပြီးခဲ့တဲ့ သီတင်းပတ်က တင်ပြခဲ့ကြတာနဲ့ ဆက်စပ်ပြီး PEN Myanmar အဖွဲ့ ဥက္ကဌ မသီတာ (စမ်းချောင်း)၊ အမျိုးသမီး အဖွဲ့ချုပ် (မြန်မာနိုင်ငံ) အကြံပေးအဖွဲ့ဝင် မသင်းသင်းအောင် နဲ့ ညီမျှခြင်း မြန်မာ အဖွဲ့ ညွန်ကြားရေးမှူး ဦးအောင်မျိုးမင်း တို့နဲ့ အတူ ဦးခင်မောင်ညိန်းက တင်ပြ ထားပါတယ်။